close

လေ့လာရေးခရီး

close

May 21, 2022

အမေရိကန်သမ္မတကတော် ပနားမားနိုင်ငံသို့ ပညာရေး လေ့လာရေးခရီး သွားရောက်

ပနားမားနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန်သမ္မတကတော် ဂျေးဘိုင်ဒင်ဟာ ပနားမားသမ္မတကတော် ကိုလွန်ဒီကော်တီဇိုက အစပြုလုပ်ဆောင်နေတဲ့ “လေ့လာသင်အံ ကြည့်ရှုနားထောင်ရန်” အစီအစဉ်အကြောင်း လေ့လာဖို့ မေ ၂၀ ရက်က ဒေသခံကျောင်းကို သွားရောက်ခဲ့ပါတယ်။ 

သမ္မတကတော်ဟာ ကျောင်းဆရာတွေနဲ့ ဆေးဘက်ဆိုင်ရာ ဆရာဝန်တွေက ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေက ကလေးတွေရဲ့ မျက်စေ့နဲ့နား ကျန်းမာရေးကို အကဲဖြတ်ပုံကို လေ့လာခဲ့ပါတယ်။ 

ပညာရေးပါရဂူ ဂျေးဘိုင်ဒင်ဟာ စာသင်ခန်းဆရာအဖြစ် နှစ်ပေါင်း ၃၀ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကတော် ဖြစ်ချိန်ကတည်းကလည်း အင်္ဂလိပ်စာကို ဆက်လက်သင်ကြားပေးနေတာပါ။ 

သမ္မတကတော်ဟာ အိမ်ဖြူတော်အပြင်ဘက်မှာ ကိုယ်ပိုင်တဦးချင်း အသက်မွေးဝမ်းကြောင်း ပြုတဲ့ ပထမဆုံးအမျိုးသမီးလည်း ဖြစ်ပါတယ်။ 

မေ ၁၉ ရက်က အီကွေဒေါနိုင်ငံကို အလည်အပတ် သွားရောက်ပြီးနောက်မှာ သောကြာနေ့ နေ့လယ်ပိုင်းလောက်မှာတော့ ပနားမားကို ရောက်ရှိလာခဲ့ပြီး ပနားမားသမ္မတကတော်  ကိုလွန်ဒီကော်တီဇို နဲ့ သူ့သမီးကာရိုလီနာအက်စတာတို့က နိုင်ငံတော်ဧည့်ဆောင်မှာ ပထမဆုံး လက်ခံတွေ့ဆုံခဲ့ပါတယ်။ 

ဒီခရီးစဉ်ဟာ လာမယ့်လ လော့စ်အိန်ဂျလိစ်မှာ အမေရိကန်မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အမေရိကထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်မှုတွေ လုပ်နေတဲ့ကြားကပဲ ရောက်ရှိလာတာ ဖြစ်ပါတယ်။ 

ဒီအစည်းအဝေးအတွက် ကျူးဘား၊ နီကာရာဂွာနဲ့ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုတို့ရဲ့ အစိုးရအဖွဲ့တွေကတော့ ဖိတ်စာရမှာမဟုတ်ကြောင်း အမေရိကန်အကြီးတန်းအရာရှိတယောက်က ဧပြီလတုန်းက ပြောကြားခဲ့ပါတယ်။

5 mins Ago

December 2, 2019

တူနီးရှားတွင် လေ့လာရေးခရီးထွက်လာသည့် ဘတ်စ်ကားတိမ်းမှောက်ပြီး ၂၄ ဦးသေဆုံး

တူနီးရှားနိုင်ငံမြောက်ပိုင်း အမ်ဒူမြို့မှာ လေ့လာရေးခရီး ထွက်လာတဲ့ ဘတ်စ်ကားတစီး ဒီဇင်ဘာ ၁ ရက်က တိမ်းမှောက်တာကြောင့် လူ ၂၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဘတ်စ်ကားမောင်းသူဟာ လမ်းအကွေ့တခုမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကို ချော်သွားပြီး လျှိုအောက်ထဲ ပြုတ်ကျသွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။  အဲဒီယာဉ်မတော်တဆမှုအတွင်း လူ ၁၈ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။  ပြည်တွင်းခရီးသွားတွေ တင်ဆောင်လာတဲ့ အဲဒီဘတ်စ်ကားပေါ်မှာ စုစုပေါင်း ခရီးသည် ၄၃ ဦး လိုက်ပါလာတယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ လျှိုအောက်ဘက်က အပိုင်းပိုင်း ပျက်စီးနေတဲ့ ဘတ်စ်ကားကို တာဝန်ကျဝန်ထမ်းတွေက လိုက်လံစစ်ဆေးနေပြီး အရေးပေါ် လူနာတင်ယာဉ်တွေက ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
2 years Ago
Up