close

လေးလမ်းဆုံစစ်ဆေးရေးဂိတ်

close

November 5, 2021

ရွှေကူမြို့ လေးလမ်းဆုံစစ်ဆေးရေးဂိတ်အား ကေအိုင်အေ တိုက်ခိုက်၊ ၅ ဦးသေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနား-မန္တလေးအဝေးပြေးကားလမ်းပေါ်က ရွှေကူမြို့‌လေးလမ်းဆုံ‌ စစ်ဆေးရေးဂိတ်ကို နို၀င်ဘာ ၅ ရက်နေ့ မနက် ၆ နာရီခွဲလောက် ကေအိုင်အေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာ အပြင်းအထန် ရရှိသွားတယ်လို့ ကေအိုင်အေ အရာရှိတစ်ဦးက ပြောပါတယ်။

“ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ မှ  ကေအိုင်အေ ရဲဘော်တွေက ရွှေကူမြို့လေးလမ်းဆုံး စစ်ဆေးရေးဂိတ်ကို ဒီမနက်ပိုင်း တိုက်ခိုက်ချေမှုန်းခဲ့တာပါ။ အာဏာသိမ်း စစ်ကောင်စီတပ်သား ၅ ဦး ပွဲချင်းသေဆုံးကာ၊ ၃ ဦး ဒဏ်ရာအပြင်းထန်ရရှိပြီး ကျန်တဲ့ စစ်သားတွေက ‌ထွက်ပြေးသွားတယ်။”

စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံမှုကြောင့် သေဆုံးဒဏ်ရာရမှုအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းမထုတ်ပြန်သေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်ညကလည်း ကချင်ပြည်နယ်၊ ခါကန်ဘိုတောင်ခြေ၊ နောင်မွန်မြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်  မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကချင်ပြည်နယ် နေရာအနှံ့ပြားမှာ ကချင် လွတ်‌မြောက်ရေးတပ်မတော် ကေအိုင်အေနဲ့ အကြမ်းဖက်စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

50 seconds Ago
Up