close

လျော်ကြေးတောင်း

close

September 25, 2021

ဧရာဝတီတိုင်းက အလုပ်ထုတ်ခံ CDM ဝန်ထမ်းများကို စစ်ကောင်စီ လျော်ကြေးတောင်း

ဧရာဝတီတိုင်းအတွင်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း CDM မှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီက ခွင့်မဲ့ပျက်ကွက်တယ်ဆိုကာ သက်ဆိုင်ရာဌာနအသီးသီးက ဝန်ထမ်းတွေကို ထုတ်ပယ်ခဲ့ပြီး လျော်ကြေးပြန်တောင်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အလုပ်ထုတ်ပယ်ခံလိုက်ရတဲ့ CDM ဝန်ထမ်းတွေထဲမှာ လုပ်သက် မပြည့်သေးတဲ့ ဝန်ထမ်းတွေ ပါဝင်တာကြောင့် အလုပ်စဝင်တုန်းက စာချုပ်အတိုင်း သတ်မှတ်လျော်ကြေးငွေကို စက်တင်ဘာ ဒုတိယပတ်က စတင်ကာ ပြန်တောင်းတာလို့ CDM ဝန်ထမ်းတဦးကပြောပါတယ်။

လျော်ကြေးအတောင်းခံနေရတဲ့ ဝန်ထမ်းတဦးက "စာချုပ်ထဲမှာတော့ ပါတာက လုပ်သက်မပြည့်ခင် အလုပ်ထွက်ရင် ဘယ်လောက်ပေးရမယ်ဆိုတာ ပါတယ်၊ ခုက ထွက်တာ မဟုတ်ဘူး ထုတ်ပယ်ခံရတာဆိုတာ အဲ့အချက်ကို ပြန်ပြောရမယ်၊ အတောင်းခံရတဲ့ လူများတယ်” လို့ ပြောပါတယ်။

စစ်အာဏာရှင်ကိုဆန့်ကျင်ပြီး CDM မှာပါဝင်ခဲ့တဲ့ ဝန်ထမ်းများရဲ့ သုံးပုံတစ်ပုံလောက်မှာ လုပ်သက်မပြည့်သေးတဲ့သူတွေဖြစ်လို့ လုပ်သက်ပြည့်အောင်မလုပ်ပေးတဲ့ လျော်ကြေးပေးဆောင်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေတယ်လို့ ဆိုပါတယ်။

လုပ်သက်လျော်ကြေးပေးသွင်းဖို့အတွက် သက်ဆိုင်ရာမြို့နယ်တွေမှာ ပေးသွင်းရမှာဖြစ်ပြီး စာရင်းကို သက်ဆိုင်ရာဌာနအလိုက်ပြန်လည်တင်ပြဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

7 mins Ago

August 14, 2020

ရေနံယိုစိမ့်ခဲ့သည့် ဂျပန်သင်္ဘောကုမ္ပဏီကို မောရစ်သျှအစိုးရ လျော်ကြေးတောင်း

မောရစ်သျှကမ်းလွန်မှာ သန္တာကျောက်တန်းကို ဝင်တိုက်ပြီး ရေနံတန်ချိန် ၁၀၀၀ လောက်  ယိုစိမ့်ခဲ့တဲ့သင်္ဘောပိုင် ဂျပန်သင်္ဘောကုမ္ပဏီကို မောရစ်သျှအစိုးရက လျော်ကြေး တောင်းခံထား ပါတယ်။  ဂျပန်သင်္ဘောကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ  မောရစ်သျှပြည်သူတွေကို တောင်းပန်ထားပြီး ထိခိုက်နစ်နာမှု အပေါ်  သက်ဆိုင်ရာဥပဒေနဲ့အညီ တုံ့ပြန်ဖို့ အသင့်ရှိပါတယ်လို့  ဖော်ပြထားပါတယ်။ ဒါ့အပြင် ယိုစိမ့်ရတဲ့အကြောင်းရင်းကို မသိရှိသေးဘဲ အပြည့်အ၀ စုံစမ်းသွားမယ်လို့လည်း ဖော်ပြထားပါတယ်။ အမ်ဗွီဝါကာရှီယို(MV Wakashio) သင်္ဘောကနေ ယိုစိမ့်တဲ့ရေနံအများစုကို ရှင်းလင်း ပြီးပြီလို့လည်း   သြဂုတ်  ၁၂ ရက်မှာ  ကုမ္ပဏီက ထုတ်ပြန်ပါတယ်။   တချိန်တည်းမှာပဲ ရေနံယိုဖိတ်တာကနေ သက်သာစေဖို့ မောရစ်သျှနိုင်ငံကို ကူညီပေးမယ့် လူ ၆ ဦးပါ  ဘေးအန္တရာယ် လျော့ပါးရေးပညာရှင်အဖွဲ့ တစ်ဖွဲ့ကို  ဂျပန်နိုင်ငံက စေလွှတ်ထားတယ်လို့ ရိုက်တာက ရေးပါတယ်။ 
1 year Ago
Up