close

လျှပ်စစ်ရုံး ဗုံးကွဲ

close

July 16, 2021

ပြည်ကြီးတံခွန်မြို့နယ် လျှပ်စစ်ရုံး ဗုံးကွဲ၊ ၁၁ ဦး ဒဏ်ရာရ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ၁၂၈ လမ်း၊ ၆၂ လမ်း အနီး မြို့နယ်လျှပ်စစ်ရုံးမှာ ဇူလိုင် ၁၆ ရက် ဒီနေ့ မနက် ၉ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဒဏ်ရာရသူ ၁၁  ဦးလောက်ရှိတယ်လို့ လူမှုကူညီရေး အသင်းတွေဆီကနေ သိရပါတယ်။

ဒဏ်ရာရသူတွေထဲမှာ ပြင်းထန်ဒဏ်ရာရသူတွေလည်းရှိပြီး ပြည်ကြီးတံခွန်မြို့နယ် လျှပ်စစ်ရုံးက ဝန်ထမ်းတွေအပြင် မီတာခလာဆောင်သူတွေလည်း ပါတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ အရေးပေါ်ကို သွားပို့တာ ၁၁ ယောက်လောက်ရှိတယ်။ ကျနော်တို့ ပို့တုန်းကတော့ သေတာမရှိသေးဘူး။ ဟိုရောက်မှ သေရင်တော့ မသိဘူး။” လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။

လူမှုကွန်ယက်နဲ့ သတင်းဌာန တချို့မှာတော့ ၂  ဦးသေဆုံးကြောင်း ဖော်ပြကြပေမယ့် အတည်ပြုနိုင်ခြင်းမရှိခဲ့ပါဘူး။

“မီတာခဆောင်ဖို့ စောင့်နေကြတဲ့အချိန်ကွဲတာလို့ ပြောတယ်။ အသံကတော့ အကျယ်ကြီး ကြားလိုက်ရတယ်။ နှစ်ယောက်သေတယ်လို့ ပြောကြတယ်။” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦး က ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးမကြာခင်မှာ  ရဲနဲ့  စစ်တပ် ရောက်ရှိလာပြီး အရပ်ဝတ်တွေနဲ့ လှည့်လည် စစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့ကလည်း  ၅၉ လမ်း ၊ ၁၁၁ လမ်းနဲ့ ၁၁၂ လမ်းကြားက ချမ်းမြသာစည်မြို့နယ် လျှပ်စစ်ရုံး၊ လေးစုရပ်ကွက်၊ အလယ်ပန်းတိမ်ရပ်ရှိ အမရပူရမြို့နယ် လျှပ်စစ်ရုံး တို့မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အနည်းငယ်စီရှိခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာမရှိခဲ့ပါဘူး။

4 mins Ago
Up