close

လျှောက်လဲချက်

close

February 24, 2022

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် စည်ပင်ဝန်ကြီးတို့အပေါ်စွဲထားသည့်အမှု စွဲချက်တင် သင့်၊ မသင့် လျှောက်လဲချက်ပေးမည်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင်တို့ ရင်ဆိုင်နေရတဲ့  ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့အမှုကိစ္စ  စွဲချက်တင်သင့်၊ မသင့်ကို လာမယ့် မတ်လ ၃ ရက်နေ့ ရုံးချိန်းမှာ လျှောက်လဲချက်ပေးမှာ ဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။ 

ရခိုင်ပြည်နယ်၊ စစ်တွေအကျဥ်းထောင်တရားရုံးမှာ ဖေဖော်ဝါရီလ ၂၃ ရက်က နောက်ဆုံး စစ်ဆေးဖို့ကျန်ရှိတဲ့ တရားလိုပြသက်သေတွေကို စစ်ဆေးပြီးတဲ့အချိန်မှာ  အခုလို ရုံးချိန်းလိုက်တာပါ။ 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင်တို့ကို ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုပြုလုပ်တယ်လို့ဆိုပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀(က)နဲ့  စစ်ကောင်စီခန့် ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ပြီးတရားစွဲဆိုထားတာဖြစ်ပါတယ်။ 

10 mins Ago

January 7, 2022

ဖမ်းဆီးခံ မော်လမြိုင် NLD ပါတီဥက္ကဋ္ဌ အမှုအတွက် နှစ်ဖက်လျှောက်လဲချက်ပေး

အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အောင် အမှုအတွက် ဇန်နဝါရီ ၆ ရက်နေ့မှာ နှစ်ဖက်လျှောက်လဲချက်ပေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

အခုရုံးချိန်းမှာတော့ ဒေါ်နွယ်နွယ်အောင်အား မော်လမြိုင်မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးဖို့ စစ်ကောင်စီ ရှေ့နေနဲ့ စွပ်စွဲခံရသူ ရှေ့နေတို့ အွန်းလိုင်းကနေ နှစ်ဖက်လျှောက်လဲချက်ပေးခဲ့တာပါ။

နှစ်ဖက် ရှေ့နေ လျှောက်လဲချက်ပေးပြီးနောက် စစ်ကောင်စီတရားသူကြီးက လာမယ့် ဇန်နဝါရီ ၁၂ ရက်ကို ရုံးချိန်း ပြောင်းရွှေ့ခဲ့တာပါ။

မော်လမြိုင်မြို့နယ် NLD ဥက္ကဋ္ဌနဲ့ ရွေးကောက်ခံအမတ် ဒေါ်နွယ်နွယ်အောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၂၇ ရက်နေ့ ညပိုင်းမှာ မော်လမြိုင်ဈေးကြိုရပ်ရှိ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ခဲ့တာပါ။

ဒေါ်နွယ်နွယ်အောင်ကိုတော့ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းမှာ ပူးပေါင်းဆောင်ရွက်တာ၊ ငွေးကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

ဒေါ်နွယ်နွယ်အောင်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ ဟာ ပြစ်မှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်အပြင် ငွေဒဏ်ပါ အမိန့်ချမှတ်နိုင်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်နွယ်နွယ်အောင်ဟာ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီ ဥက္ကဋ္ဌ ဖြစ်သလို ၂၀၁၅၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါတယ်။

2 months Ago
Up