close

လွတ်မြောက်ရေး

close

August 6, 2022

ဂျပန်သတင်းထောက် လွတ်မြောက်ရေး လက်မှတ်ထိုး တောင်းဆို

ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ Mr.Toru Kubota ကို အမြန်ပြန်လွှတ်ပေးဖို့  ဂျပန်ပြည်သူတွေပါအဝင် နိုင်ငံတကာမိတ်ဆွေတွေ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

အခုလို လက်မှတ် ရေးထိုးထားတောင်းဆိုထားတဲ့ လက်မှတ်ပေါင်း ၅ သောင်းနီးပါးကို ဩဂုတ် ၅ ရက်က ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးအပ်ရာမှာ ဂျပန်နိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စ တခကို စုဇူကီးက လွှဲပြောင်းလက်ခံခဲ့ယူခဲ့ပါတယ်။

မစ္စတာ Kubota ဟာ အခုအခါ အင်းစိန်ထောင်ကို ရွှေ့ပြောင်းထားပြီး ကျန်းမာရေးနဲ့ ပတ်သက်လို့ ပြဿနာ မရှိကြောင်းနဲ့ သူနဲ့ တွေ့ဆုံနိုင်ခြင်း မရှိသေးကြောင်း နိုင်ငံခြားရေးဒုဝန်ကြီးက ရှင်းပြခဲ့တယ်လို့ မစ္စတာ Kubota လွတ်မြောက်ရေးအင်တာနက်မှ လက်မှတ်စုဆောင်းမှုအဖွဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ Mr.yuki kitazumi က ပြောပါတယ်။

Mr. Kitazumi Yuki ဟာ ၂၀၂၁ ခုနှစ် ဧပြီတုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံရကာ မှားယွင်းတဲ့ သတင်းအချက်အလက်တွေကို ဖြန့်ဝေမှုအပါအဝင် စွဲချက်တွေနဲ့ အမှုအတင်ခံခဲ့ရပြီး သူ့ကို လွှတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုပြီး တလအကြာမှာ ပြန်လွတ်လာခဲ့ပါတယ်။

အခု ဂျပန်နိုင်ငံသား Toru Kubota ကို တောင်ဒဂုံရဲစခန်းက လဝကဥပဒေ ၁၃( ၁)၊ပုဒ်မ ၅၀၅(က)၊ ဗီဇာဖောက်ဖျက်မှု သုံးခုနဲ့အမှုဖွင့် ဖမ်းဆီးထားပါတယ်။

4 mins Ago

April 21, 2022

နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်ရေး လောင်းလုံးမြို့နယ်တွင် ဆန္ဒပြ (ဓာတ်ပုံ)

"တိုင်းပြည်အပေါ်စစ်တပ်ကျေးဇူး မူးလို့တောင်ရှုစရာမရှိ"ကြွေးကြော်သံနဲ့ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်မှာ   ဧပြီ ၂၁ ရက်က အပြာရောင် အင်္ကျီဆင်တူဝတ်ဆင်ကာ  နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုကို လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး၊ လူငယ်တွေ၊ အမျိုးသမီးတွေ ၊ LGBTတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး လမ်းပေါ်ထွက် ငြိမ်းချမ်းစွာ သပိတ်မှောက်ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

4 months Ago
Up