close

လွတ်မြောက်

close

May 3, 2023

လွိုင်ကော်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၀၇ ဦးအပါအဝင် ၁၃၉ ဦး လွတ်မြောက်

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်အကျဉ်းထောင်ကနေ မေ ၃ ရက် ဒီကနေ့ နိုင်ငံရေးအကျဉ်းသား ၁၀၇ ယောက် အပါအဝင် အကျဉ်းသားပေါင်း ၁၃၉ ဦး လွတ်မြောက်လာပါတယ်။

နိုင်ငံရေးပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီး ထောင်ဒဏ်ချခံထားရပြီး လွိုင်ကော်အကျဉ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာနဲ့ လွတ်မြောက်လာသူ အမျိုးသား ၁၀၄ ဦးနဲ့ အမျိုးသမီး ၃ ဦး၊ ပေါင်း ၁၀၇ ဦး လွတ်မြောက်လာတာဖြစ်ပြီး လွတ်ရက်စေ့လို့ လွတ်မြောက်လာသူ ၃၂ ဦးပါဝင်ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီကတော့ ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေနဲ့ အကျဥ်းထောင်အသီးသီးမှာ ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၂,၁၅၃ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တကြိမ် ပြစ်ဒဏ်ကျူးလွန်ပါက ဒီပြစ်ဒဏ်အပြင် အခုကျခံရန် ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ ကြေညာထားပါတယ်။

2 mins Ago

February 5, 2023

ရုရှားစစ်သုံ့ပန်း ၆၃ ဦး လွတ်မြောက်

ယူကရိန်းနဲ့ ရှုပ်ထွေးတဲ့ညှိနှိုင်းဆွေးနွေးမှု လုပ်ငန်းစဉ်ရလဒ်အဖြစ် ရုရှားစစ်သုံ့ပန်း ၆၃ ဦး ပြန်လည်လွတ်မြောက်လာခဲ့ပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၄ ရက်မှာ ပြောပါတယ်။ 

လွတ်မြောက်လာတဲ့ ရုရှားစစ်မှုထမ်းအုပ်စုထဲမှာ "သတိထားရမယ့် အမျိုးအစား" ထဲက လူပုဂ္ဂိုလ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အာရပ် စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံရဲ့  ကြားဝင်ဆောင်ရွက်ပေးမှုကတဆင့် ဒီစစ်သုံ့ပန်း အပြန်အလှန်လဲလှယ်မှု အစီအစဉ်ကို ဆောင်ရွက်နိုင်ခဲ့တာလို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

ယူကရိန်းဘက်ကလည်း ဒီစစ်သုံ့ပန်းလဲလှယ်မှုကို အတည်ပြုပါတယ်။ 

ယူကရိန်းသမ္မတရုံး အကြီးအကဲ အန်ဒရီ ယာမက်ခ်က ပြန်လွတ်လာတဲ့ ယူကရိန်းစစ်သုံ့ပန်း ၁၁၆ ဦးထဲမှာ အရာရှိ ၂ ဦးပါပြီး ကျန်ရှိတဲ့ ၁၁၄ ဦးက တပ်ကြပ်ကြီးနဲ့ တပ်သားအဆင့်တွေဖြစ်တယ်လို့ အတည်ပြုပြောဆိုပါတယ်။ 

ယူကရိန်းကို ဒီလူတွေအားလုံး ပြန်ရောက်နေပြီလို့လည်း သိရပါတယ်။ 

ပြီးခဲ့တဲ့ဇန်နဝါရီလက ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးကြိုးပမ်းမှုတစ်ခုအတွင်း သတ်ဖြတ်ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား အကူအညီပေးရေေး စေတနာ့ဝန်ထမ်းတွေဖြစ်ကြတဲ့ အန်ဒရူးဘက်ဂ်ရှော နဲ့ ခရစ္စပယ်ရီ တို့ရဲ့ ရုပ်အလောင်းတွေကို ယူကရိန်းဆီ ပြန်ပို့ပေးပြီးပြီလို့လည်း ယာမက်ခ် ကပြောပါတယ်။

3 months Ago
Up