close

လွိုက်ဒ်အော်စတင်

close

January 3, 2022

အမေရိကန်ကာကွယ်ရေးဝန်ကြီး ကိုဗစ်-၁၉ ကူးစက်ခံရ

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံထားရပြီး အပျော့စားရောဂါလက္ခဏာတွေ ရှိနေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်က ဇန်နဝါရီ ၂ ရက်က ပြောပါတယ်။

ဒါပေမဲ့ လာမယ့် ၅ ရက်တာ ကာလအတွင်း အိမ်မှာပဲ ရောဂါခြေချုပ်နဲ့နေပြီး အခွင့်အာဏာ အားလုံးကို ဆက်ထိန်းထားမယ်လို့လည်း ပြောပါတယ်။

အားလပ်ချိန် အိမ်မှာရှိနေတုန်း ရောဂါလက္ခဏာတွေ ခံစားရလို့ တနင်္ဂနွေ အစောပိုင်းက စမ်းသပ်ဖို့ သူက အဆိုပြုခဲ့တာလို့လည်း အော်စတင်က ကြေညာချက်ထဲမှာ ပြောပါတယ်။

အော်စတင်ဟာ သမ္မတဂျိုးဘိုင်ဒင်နဲ့ ဒီဇင်ဘာ ၂၁ ရက်က နောက်ဆုံးတွေ့ခဲ့ပြီး ဒါဟာ ရောဂါလက္ခဏာတွေကို စပြီးမခံစားရသေးခင် သီတင်းပတ် တပတ်ကျော်လောက်က ဖြစ်တယ်လို့လည်း ပြောပါတယ်။ 

1 min Ago
Up