close

လွိုင်ကော်ဆေးရုံ

close

July 7, 2021

နေမကောင်းသဖြင့် လွိုင်ကော်ဆေးရုံပို့စဉ် သေဆုံးသွားသည့်အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဇူလိုင် ၆ ရက်နေ့ညက နေမကောင်းလို့ ဆေးရုံပို့စဉ် သေဆုံးသွားတဲ့ အမျိုးသားတဦးမှာ ကိုဗစ်-၁၉ ပိုး စစ်ဆေးတွေ့ရှိရတယ်လို့ ရွှေလွိုင်ကော် လူမှုကူညီရေးအသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။ 

ဒီကနေ့ သူ့ရဲ့ Dead Body ကို စစ်ဆေးရာမှာ ကိုဗစ်-၁၉ Positive  တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ 

အဆိုပါအမျိုးသားဟာ လွိုင်ကော်မြို့ သိရိမင်္ဂလာဈေး (တောင်ဈေး) ရှေ့ နေအိမ်မှာ နေထိုင်တာလို့ သိရပါတယ်။ 

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ဇူလိုင် ၇ ရက်နေ့အထိ  ကိုဗစ် - ၁၉ ပိုးတွေ့လူနာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၃ ဦး ဆေးကုသမှုခံယူနေကြောင်း  လွိုင်ကော်ပြည်သူ့ဆေးရုံရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

2 mins Ago

September 17, 2020

ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သည့် လွိုင်ကော်က သားအမိနှစ်ဦးကို ဆေးရုံတွင် Quarantine ထားရှိ

ကိုဗစ်-၁၉ လူနာနဲ့ထိတွေ့ခဲ့တဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့က သားအမိနှစ်ဦးကို ဆေးရုံမှာ Quarantine ထားရှိပြီး သူတို့ရဲ့နေအိမ်ကိုလည်း စက်တင်ဘာ ၁၆ ရက် ညနေပိုင်းကစပြီး အသွားအလာကန့်သတ်ထားလိုက်ပါတယ်။ လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်နေ အမျိုးသမီးတစ်ဦးဟာ  ပြင်ဦးလွင်မြို့နယ်ကို သွားရောက်ခဲ့စဉ် စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့လူနာဖြစ်တဲ့ ဆရာဝန်ထံမှာ သွားရောက်ဆေးကုသခဲ့ပြီး လွိုင်ကော်မြို့ကို စက်တင်ဘာ ၉ ရက်က ပြန်လည်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ကျန်းမာရေးဌာနက အဆိုပါဆရာဝန်မှာ ရောဂါပိုးတွေ့ရှိကြောင်းကြေညာပြီး နောက်မှာတော့ ဆေးကုသမှုခံယူခဲ့တဲ့ အမျိုးသမီးနဲ့လိုက်ပါသွားတဲ့ သမီးဖြစ်သူတို့ကို ဆေးရုံမှာ Quarantine ထားရှိလိုက်တာပါ။  သူတို့နဲ့ထိတွေ့ခဲ့တဲ့ မိသားစုဝင်တွေကိုလည်း အသွားအလာကန့်သတ်ပြီး အိမ်ကို Lockdown  လုပ်ထားသလို သမီးဖြစ်သူ ကျန်းမာရေးဝန်ထမ်းနဲ့ ဆက်စပ်ခဲ့သူတွေရှိတဲ့အတွက် နမ့်​ဘော်ဝမ်(ခ)ရပ်ကွက်ရှိ လွိုင်​ကော်ခရိုင်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာန ခရိုင်ရုံးနဲ့ ဝန်ထမ်းအိမ်ရာကိုလည်း မနေ့ညပိုင်းကစပြီး အသွားအလာ ကန့်သတ်ထားလိုက်ပါတယ်။ သူတို့ရဲ့ ဓာတ်ခွဲနမူနာမှာ ပိုးမတွေ့ရှိကြောင်း လွိုင်ကော်မြို့နယ် ကျန်းမာရေးဦးစီးဌာနက ဒီကနေ့ ထုတ်ပြန်ထားပြီး တောင်ကြီးမှာ ထပ်မံစစ်ဆေးထားတယ်လို့ သိရပါတယ်။ ကနေဦး စစ်ဆေးချက်အရ ပိုးမတွေ့ကြောင်း အဖြေထွက်ပေါ်ပေမယ့် ထပ်မံစစ်ဆေးဖို့ရှိ သေးတာကြောင့် အဆိုပါ အမျိုးသမီးနေအိမ်ကို သွားအလာကန့်သတ်ထားရှိဆဲဖြစ်ပါတယ်။ သူတို့ရဲ့ ဓာတ်ခွဲနမူနာအ​ဖြေတွေအပေါ် မူတည်ပြီးတော့ လိုအပ်သလို ဆက်လက် ဆောင်ရွက်မယ်လို့လည်း မြို့နယ်ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။  လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ပိုးမတွေ့ လူနာ ၂ ဦး၊ ဆေးစစ်ဆေးချက် စောင့်ဆဲ လူနာ ၄ ဦး စုစုပေါင်း ၆ ဦး ဆေးကုသမှုခံယူနေတယ်လို့  ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ စက်တင်ဘာ ၁၇ ရက် မနက်ထုတ်ပြန်ချက်အရ  သိရပါတယ်။ ကယားပြည်နယ်မှာ ဒီကနေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ ၁ ဦးမှ မရှိသေးပါဘူး။ 
10 months Ago
Up