close

လွှတ်တော်အမတ် ကိုယ်စားလှယ်အဖွဲ့

close

January 10, 2023

ဂျာမနီလွှတ်တော်အမတ်များပါသည့် ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်ရောက်

ဂျာမနီနိုင်ငံက လွတ်လပ်တဲ့ ဒီမိုကရက်တစ်ပါတီ (FDP) က လွှတ်တော်အမတ်တွေပါတဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇန်နဝါရီ ၉ ရက်က ထိုင်ဝမ်ကျွန်းကို ရောက်လာပါတယ်။

အိမ်နီးချင်း တရုတ်နိုင်ငံက စစ်ရေးအရ ခြိမ်းခြောက်နေတဲ့ကြားက ထိုင်ဝမ်ရဲ့ ဒီမိုကရေစီကို ထောက်ပံ့ကြောင်း ပြတဲ့အနေနဲ့ ခုလိုရောက်လာတာပါ။

ဂျာမန်လွှတ်တော် ကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌနဲ့ လက်ရှိ အာဏာရညွန့်ပေါင်းအဖွဲ့ (FDP) ရဲ့ မိတ်ဘက်အဖွဲ့ဝင် မာရီ အဂ္ဂနက်စ် စထရပ်ခ် ဇင်မာမဲန်းက ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ထိုင်ဝမ်လွှတ်တော်ဥက္ကဋ္ဌ ယွီရှိခွမ်းနဲ့ တွေ့ဆုံခဲ့တာပါ။

လေးရက်ကြာခရီးစဉ်အတွင်း သမ္မတ ဆိုင်အင်းဝမ်၊ ဝန်ကြီးချုပ် စူးစန်းချန်း တို့နဲ့လည်း တွေ့ဖို့ စီစဉ်ထားပါတယ်။

FDP ပါတီဝင်လည်းဖြစ်တဲ့ ဂျာမန်ပညာရေးဝန်ကြီးလည်း နွေဦးရာသီနှောင်းပိုင်းမှာ ထိုင်ဝမ်ကို လာရောက်လည်ပတ်ဖို့ စီစဉ်ထားပါတယ်။

တရုတ်ဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို ပြီးခဲ့တဲ့ ၂ နှစ်အတွင်း နိုင်ငံရေးနဲ့ စစ်ရေးဖိအားတွေ တိုးပေးနေတာပါ။

ထိုင်ဝမ်ရဲ့ အချုပ်အခြာကို ပိုင်တယ်လို့ တရုတ်က အခိုင်အမာ ကြေညာနေပြီး ထိုင်ဝမ်အစိုးရကတော့ တရုတ်ရဲ့ ပြောဆိုချက်ကို အခိုင်အမာ ပယ်ချနေပါတယ်။

9 mins Ago
Up