close

လှည့်ကင်းကား

close

November 1, 2022

မန္တလေးတွင် စစ်ကောင်စီ လှည့်ကင်းကား ၁ စီး ဗုံးခွဲတိုက်ခိုက်ခံရ

မန္တလေး၊ အောင်မြေသာစံမြို့နယ် ၁၂ လမ်းနဲ့ ၈၈ လမ်းမှာ နိုဝင်ဘာ ၁ ရက် ဒီနေ့မနက် ၆ နာရီကျော်က စစ်ကောင်စီ လှည့်ကင်းကားတစီး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

ကားပေါ်မှာ စစ်ကောင်စီ တပ်သားနဲ့ ရဲ စုစုပေါင်း ၁၀ ယောက်လောက်လိုက်ပါလာရာမှာ  ဒုရဲအုပ်တယောက် ပေါင်နဲ့ မျက်နှာတို့မှာ မိုင်းစ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ကနဦး သိရပါတယ်။

မြို့ခံတယောက်က “မိုင်းကွဲပြီးမကြာဘူး အရပ်ဝတ်တွေရော ယူနီဖောင်းတွေရော အများကြီးရောက်လာတယ်။ မိုင်းထိတဲ့ကားကို ကားတွေနဲ့ကွယ်ထားတယ်။ လမ်းကိုလည်း ပိတ်ပြီး စစ်ဆေးတာတွေလုပ်နေတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် ဒီနေ့မနက် ချမ်းမြသာစည်မြို့နယ် ၃၃ လမ်းနဲ့ မနော်ဟရီလမ်းမီးပွိုင့် ယာဉ်ထိန်းရုံးမှာ "သွေးကြွေးတောင်းဖို့အချိန်တန်ပြီ ပူးပေါင်း၍ ထလော့မန္တလေး" စာတန်းနဲ့ "ဖားကန့်အနန့်ပါအတွက် ၀မ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ်အရှိန်မြှင့်ကြ"လို့ ရေးထားတဲ့ စာတန်း၂ ခု ချိတ်ဆွဲဆန္ဒပြခဲ့ပါတယ်။

3 hours Ago
Up