close

လှိုင်သာယာမြို့နယ်

close

March 29, 2023

လှိုင်သာယာမြို့နယ်ရှိ Sweety Home ရေမြှုပ်မွေ့ရာစက်ရုံ မီးလောင်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊  မောင်ကျန်သီးလမ်း၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ Sweety Home ရေမြှုပ်မွေ့ရာစက်ရုံမှာ ဒီနေ့ ညနေ သုံးနာရီခွဲက မီးလောင်မှုဖြစ်ပွားပြီး Level 3 အဆင့်နဲ့ မီးငြှိမ်းခဲ့သတ်ရတယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

Sweety Home ရေမြှုပ်မွေ့ရာစက်ရုံ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ပရဟိအဖွဲ့တွေက ၁ နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ရွှေလင်ဗန်းကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"မီးလောင်တာ ကျမတို့နဲ့နီးတယ်။ မီးသတ်ကားတွေရော၊ ပရဟိတကားတွေပါလာတာ။ လောင်တာ အတော်လေးကြာတယ်၊ ကားလမ်းတွေတောင်ပိတ်သွားတယ်။" 

အဆိုပါမီးလောင်မှုဖြစ်စဥ်ကို မီးသတ်ဦးစီးဌာနက စစ်ဆေးနေပြီး စက်ရုံအလုပ်သမားအချို့ မီးခိုးမွှန်ပြီး သတိလစ်မေ့မြောတာတွေ ရှိတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"မီးသတ်က ဘာကြောင့်လောင်တာလဲဆိုတာ စစ်ဆေးနေတယ်။ ဆုံးရှုံးမှုတန်ဖိုးလည်း တွက်ချက်နေတယ်။ လူထိခိုက်မှုတော့မရှိဘူး၊ သတိလစ်မေ့မြောတာတော့ တယောက် နှစ်ယောက်ရှိတယ်။" 

Sweety Home ရေမြှုပ်မွေ့ရာစက်ရုံ မီးလောင်မှုကို မီးသတ်၊ စစ်ကောင်စီတပ်၊ ရဲနဲ့ မြို့နယ်ထွေအုပ်ပါ ရောက်ရှိပြီး စစ်ဆေးနေတယ်လို့ ရွှေလင်ဗန်း ကျေးရွာနေသူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ရန်ကုန်တိုင်းမှာ မီးလောင်မှု  ၂၄၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ၇ ဦးသေဆုံးကာ ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

13 hours Ago

December 12, 2022

လှိုင်သာယာမြို့နယ် ရွှေကမ်းသာယာအိမ်ရာရှေ့ ဗုံး ၂ လုံးပေါက်

ရန်ကုန်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အတွင်းပဒံကျေးရွာရှိ ရွှေကမ်းသာယာအိမ်ရာရှေ့မှာ ဒီဇင်ဘာ ၁၂ ရက် ဒီနေ့ မွန်းတည့် ၁၂ နာရီက ဗုံးနှစ်လုံးပေါက်ကွဲခဲ့တယ်လို့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့  ဒေသခံတွေဆီက သိရပါတယ်။

ရန်ကုန်-ပုသိမ်လမ်းမဘေးရှိ  ရွှေကမ်းသာယာအိမ်ရာရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေလည်း ရောက်နေတယ်လို့ ကျေးရွာနေသူတစ်ဦးက ပြောပါတယ်။

“ဗုံးက ငါးမိနစ် တခါပေါက်တာ။ စစ်သားတွေရော ရဲတွေရောက်လာတာ။ အခု စစ်ဆေးမှုတွေ လုပ်နေတယ်။ ထိခိုက်မှု ရှိ မရှိတော့ မသိဘူး။”

ရွှေကမ်းသာယာအိမ်ရာရှေ့မှာ လက်လုပ်ဗုံးနှစ်လုံး တွေ့ရှိလို့ စစ်တပ်က ဖောက်ခွဲခဲ့တာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက အတည်ပြု ပြောပါတယ်။

"မပေါက်သေးတဲ့ လက်လုပ်ဗုံးတွေ တွေ့လို့ စစ်တပ်က ဖောက်ခွဲပစ်တာပါ ဒဏ်ရာရတဲ့သူ  မရှိပါဘူး။”

လတ်တလော  ရန်ကုန်-ပုသိမ် ကားလမ်းမမှာ  စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖြတ်သန်းသွားလာတဲ့ ကားတွေကို  စစ်ဆေးနေပါတယ်။

ရန်ကုန်တိုင်း မြို့နယ်တချို့မှာ ဒီဇင်ဘာ ၁ ရက်မှ ၁၂ ရက်အတွင်း ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၁၅ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

4 months Ago
Up