close

လှိုင်းဘွဲမြို့

close

February 3, 2022

လှိုင်းဘွဲမြို့တွင် တပ်ထောက်ခံပွဲ ဦးဆောင်သူ ၇ ဦးကို အမည်မသိလက်နက်ကိုင်များ ဖမ်းဆီး

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့မှာ စစ်အာဏာသိမ်းတဲ့ ၁ နှစ်ပြည့် တပ်ထောက်ခံပွဲ ဦးဆောင်ပြုလုပ်ခဲ့သူ ၇ ဦးကို အမည်မသိလက်နက်ကိုင်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းက စစ်အာဏာသိမ်း ၁ နှစ်ပြည့်အကြို တပ်ထောက်ခံပွဲကို ကိုသန်းဇော်ဦးအပါအဝင် ဒေသခံ ၇ ဦး ဦးဆောင်ပြုလုပ်ခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဒီကနေ့အထိ ဘယ်မှာဖမ်းဆီးထားမှန်း မသိရဘူးလို့ ဆိုပါတယ်။

လှိုင်းဘွဲမြို့ခံ တစ်ဦးက “တပ်ထောက်ခံပွဲကို သူတို့ ၇ ယောက်ကဦးဆောင်ပြီးလုပ်ခဲ့တာ။ ပြီးတော့ ဒီကောင်တွေ အိမ်မှာ လဝက ဝန်ထမ်းတွေ၊ တပ်နဲ့ ရဲတွေက အဝင်အထွက်ရှိတယ်။ အမြီးရအမြီးစားနေတဲ့ကောင်တွေ။ တပ်ထောက်ခံပွဲကို ဒေသခံတွေက ဘယ်သူမှမသွားဘူး။ ဖမ်းခံရတာတောင် နည်းသေးတယ်။ အကြမ်းဖက် အားပေးတဲ့ဒလန်တွေ အကုန်ရှင်းပစ်ရမှာ” လို့ ဆိုပါတယ်။

အဆိုပါ ဖမ်းဆီးခံရသူတွေထဲမှာ မှတ်ပုံတင်ပွဲစား၊ တပ်နဲ့ရဲ သတင်းပေး စတာတွေ ပါဝင်ပြီး လှိုင်းဘွဲမြို့မှာ နေထိုင်သူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၈ ရက်‌ ည ၈ နာရီလောက်က  ဘားအံမြို့နယ်၊ သာမညကျေးရွာမှာ တပ်ထောက်ခံပွဲကို ပူးပေါင်းပါဝင်ခဲ့တဲ့ ဘားအံမြို့နယ်၊ သာမညကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးအကူ ဒေသခံ ၃ ဦးဟာ အမည်မသိလက်နက်ကိုင်တစ်စုရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် နိုဝင်ဘာ ၂၁ ရက် နေ့ယ်လောက်မှာ ဘားအံမြို့နယ်၊ ဝဲကရင်ကျေးရွာ သုသာန်အနီးက ခြုံတွေထဲမှာ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ပါတယ်။

6 mins Ago

July 5, 2020

လှိုင်းဘွဲမြို့ မြေသားတာဘောင် ကျိုးပေါက်မှု အမြန်ပြုပြင်ပေးရန် ဒေသခံများ တောင်းဆို

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာမှာ ရေဘုတ်ဆည်ကနေ ရေလျှံမှု ကာကွယ်ဖို့ ဆောက်ထားတဲ့ မြေသားတာဘောင်ကျိုးပေါက်မှုကြောင့် နှစ်စဉ် ရေနစ်မြုပ်မှုတွေ ကြုံတွေ့နေရပြီး အစိုးရ တာဝန်ရှိသူတွေ အမြန်ဆုံးပြုပြင်ပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။  မြေတမံ ကျိုးပေါက်နေတဲ့အတွက် မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ ကားလမ်းရေကျော်ပြီး နေအိမ်တွေ၊ စပါးခင်းတွေ စိုက်ပျိုးသီးနှံတွေ ရေနစ်မြုပ် ပျက်စီးဆုံးရှုံးနေရတယ်လို့ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာနေ ဦးဆန်း၀င်းက ပြောပါတယ်။  “သူတို့က အောက်ခြေအထိ ဆင်းကြည့်ဖို့လိုတာပေါ့။ ဒီမှာက ကျနော် သိသလောက်ကတော့ လာကြည့်တာမရှိဘူး။ ဥပက္ခာပြုထားတဲ့အနေအထားမျိုး။ ကားလမ်းဘေးက သွားလာနေတာ အကုန်မြင်နေရတာပဲ။” ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရွိ ဦးကျော်ခိုင်စိုးက “ဒါက‌တော့ ဘတ်ဂျက်နဲ့ လုပ်ရတော့ ကျနော်တို့ တင်ပြပြီးတော့ လယ်သမားတွေ အဆင်ပြေဖို့အတွက် ဦးစားပေးမှာပါ” လို့ ပြောပါတယ်။ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ၊ ဦးချိုမှုက “အရှေ့ဘက်မှာရှိတဲ့ မြောင်းကို ပြန်ပြီးတော့ ဖော်ပါ။ သူတို့မဖော်ဘူး။ မဖော်တော့ ရေကအောက်ကို ပြန်တွန်းပြီးတော့ တမံက ခဏခဏ ကွဲတယ်။ အောက်မှာ လယ်ဧက ၂၀၀ ကျော်ပျက်စီးတယ်” လို့ ပြောပါတယ်။ နှစ်စဉ် မိုးရာသီရောက်တိုင်း ရေနစ်မြုပ်မှုကြောင့် စိုက်ပျိုးပြီးမိုးစပါးနဲ့ သီးနှံပင်တွေ ပျက်စီးဆုံးရှုံးနေပြီး မိသားစုစား၀တ်နေရေးအတွက်လည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။ ရေဘုတ်ချောင်း ရေပိုလွှဲမြောင်း မြေသားတမံကျိုးပေါက်မှုဟာ ၂၀၁၃ ခုနှစ်၊ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တို့မှာ ၁ ကြိမ်စီ ဖြစ်ပွားခဲ့တာကြောင့် ခိုင်ခန့်တဲ့မြေသားဘောင်နဲ့ မူလရေမြောင်းကို ပြန်လည်ပြုပြင်တည်ဆောက်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြတာပါ။ ရဲမင်းခေါင်
2 years Ago
Up