ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်၊ ဇရစ်ရိုးကျေးရွာအုပ်စု၊ လှေဆွဲကျေးရွာက အိုးအိမ်စွန့်ခွာသူတွေ အတွက် ဩစတြေးလျနိုင်ငံ၊ Doctors, Nurses and Friends (DNF) အဖွဲ့က ကျပ်သိန်း ၁၃၁ ကို အမျိုးသားညီးညွတ်ရေးအစိုးရမှ တဆင့် ဇွန် ၁၄ ရက်မှာ ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်းကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
လှေဆွဲကျေးရွာမှာ ဇွန် ၅ ရက်မနက်ပိုင်းကစပြီး ဒေသခံတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပြင်းထန်စွာ တိုက်ခိုက်ခံခဲ့ရပြီး ရွာသား ၄ ဦး ကျဆုံးခဲ့ကာ လူဦးရေ ၁၅၀၀ ခန့် နေရပ်စွန့်ခွာ ခဲ့ရပါတယ်။
နေရပ်စွန့်ခွာရသူပြည်သူတွေအတွက် ဩစတြေးလျနိုင်ငံ၊ Doctors, Nurses and Friends (DNF) ကလှူဒါန်းမှုတွေကို သက်ဆိုင်ရာ မြေပြင် ကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့တွေထံသို့ ချိတ်ဆက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့၊ လှေဆွဲကျေးရွာမှာ ဇွန်လ ၁၆ ရက် ညပိုင်းက အကြမ်းဖက် စစ်သားတွေ ရောက်လာပြီး ရွာသား အမျိုးသား တစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
စစ်အုပ်စု အင်အား ၅၀ ကျော်လောက် ခြေလျင်ရောက်လာပြီး လှေဆွဲရွာသားတစ်ယောက်ကို ဖမ်းဆီး ဒေသခံတစ်ဦးက ပြောကြားခဲ့ပြီး ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတွေပြောပါတယ်။
အကြမ်းဖက် စစ်တပ်ဟာ ကမ်းနားညောင်ဆိုင်ရွာ စာသင်ကျောင်းထဲမှာ တပ်စွဲထားတယ်လို့ လည်း သိရပါတယ်။
ကျုံပျော်မြို့နယ်၊ ဇရစ်ရိုးကျေးရွာအုပ်စု၊ လှေဆွဲကျေးရွာမှာ ဇွန်လ ၅ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူတွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူဘက်က ၁၇ ဦး ကျဆုံးသွားကာ ထောင်နဲ့ချီတဲ့ ရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။