close

လှေတစီးတိမ်းမှောက်

close

February 27, 2022

ဗီယက်နမ်တွင် လှေတစီးတိမ်းမှောက်၊ နိုင်ငံခြားသား ဧည့်သည် ၁၃ ဦး သေဆုံး

နိုင်ငံခြားခရီးသွားဧည့်သည်တွေ အများအပြားလာလေ့ရှိတဲ့ ဗီယက်နမ်နိုင်ငံ ဟွိုင်အန်းမြို့  ကမ်းခြေတခုမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က လှေတစီးတိမ်းမှောက်ပြီး ခရီးသည် ၁၃ ဦး သေဆုံးသွားပါတယ်။ 

ဟွိုင်အန်းမြို့ ကွန်မြူနစ်ပါတီအကြီးအကဲက ကျန်ပျောက်ဆုံးနေသူ ၄ ဦးကိုတော့ ရှာဖွေနေဆဲပါလို့ ပြောပါတယ်။

ဧည့်သည်တွေ တင်ဆောင်တဲ့ လှေပေါ်မှာ ကလေး ၂ ဦးအပါအဝင် နိုင်ငံခြားသား ၃၆ ဦး ပါလာတာပါ။ 

ကျူလောင်ချန်းကျွန်းကနေ ဟွိုင်အန်းမြို့ကို ပြန်လာတာလို့ လှေမောင်းသမား ၃ ဦးက ပြောပါတယ်။ 

ဗီယက်နမ်မှာ ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်မှုတွေ ဖယ်ရှားလိုက်တဲ့နောက် နိုင်ငံခြားခရီးသွား အများအပြား ဝင်ရောက်လာနေတာပါ။

1 min Ago
Up