close

လှေပျံ

close

January 8, 2023

ရေပေါ်ပျံသန်းနိုင်သည့် လှေပျံ ဆွီဒင်ကုမ္ပဏီ မိတ်ဆက်

ရေပြင်ပေါ်မှာ ရှပ်ပြီးပျံသန်းနိုင်တဲ့ ဟိုက်ဒရိုဖိုလ်သုံးထားတဲ့ လျှပ်စစ်စွမ်းအင်သုံး "Flying boat"  လှေပျံဟာ ဆွီဒင် အီလက်ထရောနစ် ပြပွဲမှာ လူကြိုက်များ စိတ်ဝင်စားနေကြပါတယ်။ 

ဆွီဒင်ကုမ္ပဏီ ကံဒေလာကနေ ဖန်တီးထားတဲ့ C-8 အမျိုးအစား လှေပျံဟာ အရှည် ၂၈ ပေ ရှိတဲ့ လျှပ်စစ်စွမ်းအင်သုံး အမြန်လှေဖြစ်ပြီး ၁ နာရီကို ၂၃ မိုင် အမြန်နှုန်းနဲ့ နှစ်နာရီခွဲလောက် ဖြတ်သန်း မောင်းနှင်နိုင်ပါတယ်။

လှေဟာ အမြန်နှုန်း 16 knots အရှိန်ကို ရောက်တဲ့အခါ သူ့ရဲ့ ဟိုက်ဒရိုဖိုလ်က စအလုပ် လုပ်ပြီး C-8 လှေပျံဟာ ရေမျက်နှာပြင်ပေါ်တက်သွားတဲ့အတွက် ရေမျက်နှာပြင်နဲ့ လှေကြား ပွတ်တိုက်မှုကို လျှော့ချပေးလို့ လှေကို စွမ်းအင်ပိုမိုသက်သာစေပါတယ်။ 

ဒါကြောင့် လှိုင်းမူးတာကိုလည်း ပပျောက်စေပါတယ်။ လှေမှာက အမြန်နှုန်းနဲ့ မောင်းရင် တနာရီသုံးတဲ့ စွမ်းအင်က ကားထက် ၁၅ ဆ ပိုသုံးရပါတယ်။

ရေထုကို ဖြတ်ပြီး သွားတဲ့အခါ ရေအများကြီးကို တွန်းဖယ်ပြီး သွားရတာကြောင့် စွမ်းအင်ပိုသုံးရတာလို့  ကံဒေလာကုမ္ပဏီ ဆက်သွယ်ရေးအကြီးအကဲ မီခေးလ် မော်ဘာ့ဂ် က ပြောပါတယ်။

ကံဒေလာ C-8လို့ နာမည်ပေးထားတဲ့ လှေပျံကို ဒေါ်လာ ၃၉၅၀၀၀ နဲ့ လက်လီရောင်းချနေတဲ့ ဆွီဒင်ကုမ္ပဏီဟာ လှေပျံအတွက် ဝယ်ယူလိုသူတွေထံက အမှာစာ ၁၅၀ လောက် လက်ခံရရှိထားပြီးပါပြီ။ 

36 seconds Ago
Up