close

ဝက်ကင်စ်

close

May 1, 2023

ဗီလာတိုက်စစ်မှူး ဝက်ကင်စ်ကို ခေါ်ရန် ဘိုင်ယန်အသင်း စောင့်ကြည့်

ဘိုင်ယန်မြူးနစ်အသင်းဟာ အက်စတန်ဗီလာတိုက်စစ်မှူး ဝက်ကင်စ်ကို ခေါ်ယူဖို့  ဗီလာပွဲစဉ်တွေ ကို ကင်းထောက်စေလွှတ်ပြီး စောင့်ကြည့်ခဲ့ပါတယ်။ 

အင်္ဂလန်တိုက်စစ်မှူးဟာ နောက်ဆုံး ၁၅ ပွဲမှာ ၁၁ ဂိုးသွင်းခဲ့ပြီး တန်းဆင်းဇုန်က ဗီလာအသင်းကို ဥရောပဝင်ခွင့် မျှော်လင့်ချက်ရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ 

ဘိုင်ယန်အသင်း နည်းစနစ်ဒါရိုက်တာ မာကိုနက်ပီကိုယ်တိုင်လည်း ဗီလာအသင်းရဲ့ ပွဲစဉ်တချို့ကို လာရောက်ပြီး ဝက်ကင်စ်ရဲ့ အခြေအနေကို မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

The Sun သတင်းစာရဲ့ဖော်ပြချက်အရ ဝက်ကင်စ်အတွက် ပေါင်သန်း ၆၀ ပေးမယ်ဆိုရင် ဗီလာဘက်က လက်ခံစဉ်းစားဖို့ ရှိတယ်လို့ သိရပါတယ်။ 

ဘိုင်ယန်အသင်းဟာ လီဝန်ဒေါစကီး ထွက်ခွာသွားပြီးနောက် တိုက်စစ်မှူးကောင်း တဦး ဝယ်ယူဖို့ လုပ်ဆောင်နေပြီး ဝက်ကင်စ်ကို ခေါ်ယူဖို့ စိတ်ကူးခဲ့တာလို့သိရပါတယ်။ 

26 seconds Ago

September 9, 2020

ဘရန့်ဖို့ဒ်တိုက်စစ်မှူး ဝက်ကင်စ်ကို ပေါင် ၃၃ သန်းဖြင့် အက်စတွန်ဗီလာ ခေါ်ယူ

အက်စတွန်ဗီလာအသင်းဟာ ချန်ပီယံရှစ်ကလပ် ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုလိုင်ဝက်ကင်စ်ကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ သဘောတူညီမှုရသွားပါတယ်။ အသက် ၂၄ နှစ်ရှိ အင်္ဂလန်သား ဝက်ကင်စ်ဟာ ပြီးခဲ့တဲ့နှစ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ သွင်းဂိုး ၂၆ဂိုး ရခဲ့ပြီး ဘရန့်ဖို့ဒ်အသင်းက အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။  ဗီလာအသင်းက ကနဦးအနေနဲ့ ပေါင် ၂၈ သန်း ပေးချေမှာဖြစ်ပြီး ထပ်ဆောင်းဆုကြေးတွေနဲ့ ပေါင်းမယ်ဆိုရင် ပေါင် ၃၃ သန်းအထိ ပေးချေရနိုင်တယ်လို့ သိရပါတယ်။  ဗီလာအသင်း သမိုင်းတလျှောက် တန်ဖိုးအမြင့်ဆုံး ခေါ်ယူမှုဖြစ်ခဲ့ပြီး ချန်ပီယံရှစ်က ကစားသမားတွေထဲမှာ ဒုတိယမြောက် တန်ဖိုးအမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။
3 years Ago
Up