close

ဝင်ငွေအများဆုံး စံချိန်တင်

close

February 2, 2023

မင်းသားရှရွတ်ခန်း ပါဝင်သည့် Pathaan ရုပ်ရှင် ဘောလိဝုဒ်သမိုင်းတွင် ဝင်ငွေအများဆုံးစံချိန်တင်

ဇန်နဝါရီ ၂၅ ရက်နေ့က ရုံတင်ပြသခဲ့တဲ့ ဘောလိဝုဒ် နာမည်ကြီး သရုပ်ဆောင် ရာရွတ်ခန်း ပါဝင်သရုပ်ဆောင်ထားတဲ့ Pathaan ရုပ်ရှင်ဇာတ်ကားဟာ ရုံတင်ပြီး ပထမရက်အတွင်းမှာပဲ အိန္ဒိယဘောလိဝုဒ်ရုပ်ရှင် သမိုင်းမှာ ဝင်ငွေအများဆုံးစံချိန်ကို ချိုးဖောက်နိုင်ခဲ့တယ်လို့  ရုပ်ရှင်ဇာတ်ကားထုတ်လုပ်သူတွေက ကြေညာပါတယ်။

ရုံတင်ပြီး ပထမဦးဆုံးရက်မှာပဲ အိန္ဒိယနိုင်ငံ ရူပီးငွေ ကုဋေ ၅၀ ( အမေရိကန်ဒေါ်လာ ၅ သန်း) ကျော် ရရှိခဲ့တာဖြစ်ကာ တစ်ကမ္ဘာလုံးအနေနဲ့ဆိုရင်တော့ ရူပီး ကုဋေ ၉၀ ( အမေရိကန်ဒေါ်လာ ၉ သန်းခွဲ) နီးပါး ရရှိခဲ့တယ်လို့ သိရပါတယ်။

အခုရုပ်ရှင်ကားမှာပါဝင်တဲ့ နာမည်ကြီး သရုပ်ဆောင် ရှာရွခ်ခန်းအနေနဲ့ လေးနှစ်ကျော်ကြာပြီးမှ ပရိသတ်ရှေ့ကို တကျော့ပြန် ပြန်လည်ရောက်ရှိလာတာဖြစ်ကာ အဲဒီဇာတ်ကားမှာ  အိန္ဒိယ ထိပ်တန်းနာမည်ကြီး မင်းသမီးဒီပီကားနဲ့  မင်းသားဂျွန်တို့ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

Pathaan ရုပ်ရှင်ဟာ ရုံတင်ပြီးတစ်ပတ် မပြည့်သေးခင်မှာပဲ ရုပ်ရှင် ကုန်ကျစရိတ်ရဲ့ ၃ ဆ ဖြစ်တဲ့ ရူပီးကုဋေ ၆၀၀ ( အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်) ပြန်ရခဲ့‌ပြီး blockbuster (အအောင်မြင်ဆုံးရုပ်ရှင်) ဇာတ်ကားဖြစ်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Pathaan ရုပ်ရှင်က ကိုဗစ်အလွန် အိန္ဒိယကို ဗိုင်းရပ်စ်ပိုးနဲ့ တိုက်ခိုက်ဖို ကြံစည်တာကို တန်ပြန်စစ်ဆင်တဲ့ ဇာတ်လမ်းဖြစ်ပြီး ရုပ်ရှင်ရုံ‌တွေမှာတော့ အက်ရှင် အသတ်အဖြတ်တွေ ကြမ်းလို့ ၁၂ နှစ်အောက်ကလေးငယ်တွေကို လက်မှတ်မရောင်းဖို့အတွက်လည်း ကန့်သတ်ထားပါတယ်။

ဓာတ်ပုံ - Bollywood Update News Myanmar Fun Page

3 mins Ago
Up