close

ဝင်ရောက်စစ်ဆေး

close

May 8, 2022

ရခိုင်ပြည်နယ် ကျေးရွာများတွင် စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးနေ

ရခိုင်ပြည်နယ်အတွင်း ကျေးရွာတချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၇ ရက်နေ့ညနေပိုင်းက စစ်တွေမြို့နယ် ကံ့ကော်ကျွန်းကျေးရွာအတွင်းကို စစ်တပ်၊ ရဲ၊ လဝကနဲ့ မီးသတ် ၇၀ ကျော်လောက်က အိမ်တွေကို ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ ရွာသားတဦးက ပြောပါတယ်။

“မနေ့က ည ၈န ာရီလောက်မှာ စစ်သား၊ ရဲ၊ လဝကနဲ့ မီးသတ်အင်အား ၇၀ ကျော်လောက်ပါတယ်။ အိမ်တွေကိုတော့ တအိမ်ဝင် တအိမ်ထွက် အိမ်ထောင်စုစာရင်းတွေ စစ်ဆေးတယ်။ ရွာကို လူစိမ်းတွေရောက်ရင် ကျေးရွာ အုပ်ချုပ်ရေးမှူးဆီမှာ တိုင်ဖို့ ပြောခဲ့တာတွေရှိတယ်။ အဖမ်းအဆီးတွေတော့ မရှိဘူး” လို့ပြောပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတချို့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်စစ်ဆေးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာတွင်လည်း မေ ၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ တပ်ဖွဲဝင် ၅၀ ကျော်လောက်က ရက္ခိုင့်တပ်တော် (ULA-AA) တာဝန်ခံတွေရဲ့ အိမ်တွေကို လိုက်လံရှာဖွေနေတယ်လို့ ကျေးရွာသားတဦးက ပြောပါတယ်။

“စစ်သားတွေက ကား ၂ စီးနဲ့ မေလ ၆ ရက်နေ့ ည ၁ နာရီလောက်မှာရောက်ကြတာ။ မေလ ၇ ရက်နေ့ မနက်ပိုင်းကတော့ ကျေးရွာက ULA တာဝန်ခံတွေကို ရှာတယ်ဆိုပြီး အိမ် ၂၀ ကျော်လောက်ကို ဝင်ရှာကြတယ်။ လူတွေအကုန်လုံး ရှောင်နေကြရတယ်။ လူကိုမတွေ့တော့ အိမ်တွေကို ဓာတ်ပုံတွေ ရိုက်သွားကြတယ်။ စစ်သားတွေ၊ ကျေးရွာ ဘုန်းကြီးကျောင်းရှေ့ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာနေခဲ့ကြပြီး ဒီနေ့ မနက်က ပြန်သွားကြပြီ" လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း စစ်တွေမြို့နယ်က အုပ်ချုပ်ရေးမှူး ၂ ဦးအပါဝင် ကျေးရွားသား ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီစစ်ဆေးမှုတွေရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်အနှံ့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အင်အားတိုးချဲ့တာတွေနဲ့ ရွာတွေကို ဝင်ရောက်စစ်ဆေးတာတွေ ရှိနေသလို အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို ရက္ခိုင့် တပ်တော် (AA) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့။ အာရုံနောက်နေပြီ။ ငြိမ်ချမ်းရေး ဘာညာ သောက်ဂရုစိုက်နေမှာ မဟုတ် ဘူး။ မင်းနေတဲ့နေရာအထိ တက်ကြိတ်ပလိုက်မှာနော်” ဆိုပြီး မေ ၆ ရက်နေ့က တွစ်တာကနေ သတိပေးရေးသားထားပါတယ်။ 

5 mins Ago

April 1, 2020

နိရဉ္စရာသတင်းဌာနအား ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးပြီး သတင်းထောက် ၃ ဦးကို ခေါ်ဆောင်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အိုးတန်းရပ်ကွက်၊ ရွှေဗန်းလမ်းမှာရှိတဲ့ နိရဉ္စရာသတင်းဌာနကို အရပ်ဝတ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စစ်ဆေးပြီး သတင်းထောက် ၃ ဦးကို ခေါ်ဆောင်သွားတယ်လို့ နိရဉ္စရာသတင်းဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ မတ်လ ၃၁ ရက် ညနေပိုင်း ၅ နာရီကျော်လောက်က အထူးသတင်းတပ်ဖွဲ့SB တွေ၊ CID မှုခင်းရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်တဲ့အဖွဲ့က သတင်းဌာနက ရုံးခန်းတွေကို စစ်ဆေးပြီးနောက် သတင်းထောက်သုံးဦးကိုခေါ်ဆောင်သွားတယ်လို့ နိရဉ္စရာသတင်းဌာန သတင်းထောက်ကိုနီမင်းထွန်းက ပြောပါတယ်။ “သူတို့စစ်ဆေးဖို့ဆိုပြီးခေါ်တာ၊ ကွန်ပျူတာ ၂ လုံးရယ်၊ ပြီးတော့ သူတို့ဖုန်းတွေပါသွားတယ်။ ဝင်စစ်တာက ၅ နာရီခွဲလောက်မှာ ဝင်စစ်ပါတယ်။ ပြီးတော့ ၆ နာရီကျော်လောက်မှာ ပြန်ထွက် သွားပါတယ်။ အရပ်ဝတ်နဲ့ လူ ၁၀ ကျော်လောက်ပါတယ်။ အဲ့ဒီထဲမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရယ်။ ပြီးတော့ CID ပါတယ်။ ပြီးတော့ SB ပါတယ်။ အရပ်ဝတ်နဲ့ရဲတွေလည်းပါတာကို မြင်ရပါတယ်။ နိရဉ္စရာသတင်းဌာနက ခေါ်ဆောင်ခြင်းခံရတဲ့ သတင်းထောက်တွေကတော့ အကြီးတန်း သတင်းထောက် ကိုသန့်မြင့်ခိုင် (ခေါ်) သိန်းဇော်၊  သတင်းထောက်ထွန်းခိုင်နဲ့ သတင်းထောက် အောင်လင်းထွန်းတို့ဖြစ်ကြပါတယ်။ နိရဉ္စရာသတင်းဌာနသတင်းထောက်တွေကို ခေါ်သွားတာနဲ့ ပတ်သက်လို့ စစ်တွေ မြို့မရဲစခန်းကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
2 years Ago
Up