close

ဝင်ရောက်စီးနင်း

close

December 24, 2022

ဖားကန့်အကျဉ်းထောင်ကို KPDF တပ်ဖွဲ့ ဝင်ရောက်စီးနင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊  မဇွပ်ယန်ကျေးရွာမှာရှိတဲ့ အကျဉ်းထောင်ကို ဒီဇင်ဘာ ၂၃ ရက်က ဒေသကာကွယ်ရေးတပ် KPDF က ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

မဇွပ်ယန်အကျဉ်းထောင်ကို ည ၉ နာရီခွဲလောက်မှာ KPDF တွေက ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ အပြန်အလှန် မိနစ် ၂၀ လောက်ပစ်ခတ်မှုဖြစ်ခဲ့ပေမဲ့ ထောင်သားတွေနဲ့ နှစ်ဖက်တပ်တွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကို မသိရသေးပါဘူး။ 

ဖားကန့်ဒေသခံတဦးက “ထောင်ထဲမှာဖြစ်တာဆိုတော့ အထိအခိုက်တော့ မသိရဘူး။ စစ်ကောင်စီတပ်က တိုက်ပွဲလည်းပြီးရော ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးတွေ ရွာတွေဘက် ပစ်တာမျိုးတော့ ရှိတယ်” လို့ ပြောပါတယ်။ 

အကျဉ်းထောင်နဲ့ အကျဉ်းထောင်တဝိုက်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပေမဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ၁၅ ချက်ထက် မနည်းပစ်ခတ်လို့ ဆန်ခါကျေးရွာ နှစ်ချင်းဘုရားကျောင်းဝင်းထဲကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ 

ဒါ့အပြင် ဆန်ခါကျေးရွာဘေးနား လုပ်ကွက်ဘေးကို လက်နက်ကြီး ကျည်ကျရောက်ခဲ့လို့ အသက် ၁၆ နှစ် အရွယ် အမျိုးသား ၁ ဦး နောက်ကျောဘက် အနည်းငယ် ထိရှပေါက်ပြဲ ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဖားကန့်မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားတိုင်း စစ်ကောင်စီတပ်ဘက်က ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏဆိုသလို ခြောက်လှန့်ပစ်ခတ်လေ့ရှိပါတယ်။

3 hours Ago

October 8, 2021

မရမ်းကုန်းမြို့နယ်ရှိ Brave Bar ကို ဝင်ရောက်စီးနင်းပြီး လူ ၂၅၀ ဝန်းကျင်ကိုဖမ်းဆီး

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊  ကန်ရိပ်သာလမ်းမှာရှိတဲ့ Brave Bar ကို အောက်တိုဘာ ၇ ရက် မနေ့ကညက စစ်ကောင်စီတပ်သားတွေဝင်ရောက်စစ်ဆေးပြီး အမျိုးသားနဲ့ အမျိုးသမီး ၂၅၀ လောက်ကို ဖမ်းဆီးလိုက်ပါတယ်။ 

မနေ့ည ၁၁ နာရီ ၄၅ မိနစ်လောက်က     သက်ဆိုင်ရာ အာဏာပိုင်တွေ ဝင်ရောက်စစ်ဆေး ခဲ့ပြီးနောက်  အမျိုးသား အမျိုးသမီး ၂၅၀ ဝန်းကျင်ကို   မရမ်းကုန်းရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သတင်းရရှိပါတယ်။ 

လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ Brave Bar အပါအဝင် လူမသိသူမသိခိုးဖွင့်ပျော်ပါးနေကြတဲ့ ကေတီဗွီ၊ ဘား၊ နိုက်ကလပ်တွေ ပိတ်ပေးဖို့နဲ့ လိုက်နာဆောင်ရွက်တာမရှိရင် အသက်အာမခံမရှိကြောင်း  ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဗဟန်း)က စက်တင်ဘာလ ၉ ရက်နေ့က  သတိပေးထုတ်ပြန်ထားပါတယ်။

1 year Ago
Up