close

ဝင်းတာပန် စခန်း

close

April 28, 2022

စစ်ကောင်စီတပ်၏ ကျောက်ညှပ်စခန်းနှင့် ဝင်းတာပန် စခန်းကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ သံလွင်မြစ်ကမ်းရှိ စစ်ကောင်စီစခန်းတစ်ခုဖြစ်တဲ့  ကျောက်ညှပ် (ခေါ်) ဝလူစခန်းကို ဧပြီ ၂၈ ရက် မနက်ပိုင်းက KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့  ကေအန်ယူ  သတင်းရင်းမြစ်ကနေ သိရပါတယ်။

ကေအန်ယူ တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်ရဲ့ ကျောက်ညှပ်ရှေ့တန်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်(BPLA)နဲ့ တခြား မဟာမိတ်အင်အားစုတွေပါဝင်တဲ့  ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့  တိုက်ခိုက်ရာမှာပါဝင်တဲ့ BPLA ကလည်း သတင်းထုတ်ပြန်ထား ပါတယ်။

ကျောက်ညှပ်စခန်းဟာ သံလွင်မြစ်ကမ်းရှိ အဓိကအရေးပါတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်ပြီး စစ်ကောင်စီ တပ်အင်အား ၂၀ လောက်ရှိကာ တချို့တွေက ထွက်ပြေးကြသလို တချို့ကတော့ သေဆုံးသွားတယ်လို့ ကရင်သတင်းအရင်းအမြစ်က ဆိုပါတယ်။

ကျောက်ညှပ်စခန်းကျပြီးနောက်  သံလွင်မြစ်ရှိ မယ်နုထာ့ကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့လို့ ဒေသခံရွာသားအများအပြားထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

တိုက်ပွဲမှာ KNLA ဘက်က အရာရှိတယောက်ကျဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ကျောက်ညှပ်စခန်း သိမ်းပိုက်ရရှိမှုမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးဒဏ်ရာရတဲ့ အခြေအနေကိုတော့ တပ်မဟာ ၅ တာဝန်ရှိသူတွေက ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

အလားတူ ကေအန်ယူတပ်မဟာ ၁ နယ်မြေ သထုံခရိုင်၊  ဘီးလင်းမြို့နယ်ဘက်မှာလည်း စစ်ကောင်စီရဲ့ ဝင်းတာပန် စခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက ဒီနေ့ ဧပြီလ ၂၈ ရက် ညပိုင်းမှာ   သွားရောက် တိုက်ခဲ့ပြီး တာပန်စခန်းလည်း မီးလောင်သွားခဲ့ပါတယ်။

7 hours Ago
Up