close

ဝဏ္ဏမောင်လွင်

close

December 7, 2021

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဦးဝဏ္ဏမောင်လွင်တွေ့ဆုံ ဆွေးနွေး

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဒီဇင်ဘာ ၇ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ 

ဆွေးနွေးပွဲမစခင်မှာ သူတို့ နှစ်ဦးဟာ တံတောင်ဆစ်ချင်းထိပြီး နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြပြီးနောက် နှစ်နိုင်ငံအကြား ပူးဆောင်ရွက်ရေးနဲ့ ဆက်ဆံရေးကိစ္စတွေဆွေးနွေးခဲ့ကြတယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။  

ဒါ့အပြင်  အာဆီယံ အရေးနဲ့ပတ်သက်ပြီးလည်း အာဆီယံအဖွဲ့ကို ပူးပေါင်းဆောင်ရွက်မှု ကောင်းကောင်းနဲ့ သွေးစည်းညီညွတ်မှုကောင်းအောင် ဘယ်လို နည်းလမ်းရှာလုပ်ဆောင်မယ်ဆိုတဲ့ ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ဝန်ကြီးချုပ်ဟွန်ဆန် မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ဖို့   မြန်မာစစ်ကောင်စီခေါင်းဆောင်က  ဖိတ်ခေါ်တဲ့ ဖိတ်ကြားစာကို ဦးဝဏ္ဏမောင်လွင်းက ပေးအပ်ခဲ့သလို ဟွန်ဆန်ကလည်း မြန်မာနိုင်ငံကို လာမယ့် ဇန်နဝါရီလမှာ လာရောက်မယ်လို့ ပြောကြားထားပါတယ်။ 

လာမယ့်နှစ်မှာ ကမ္ဘောဒီးယားဟာ အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် သစ် ခန့်အပ်ဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာလက ဘရူနိုင်းနိုင်ငံကနေ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာတော့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်း မရှိခဲ့ပါဘူး။ 

ဒါပေမဲ့ စစ်ကောင်စီရဲ့အရာရှိတွေကို  အာဆီယံအဖွဲ့အစည်းအဝေးတွေ ဖိတ်ကြားသင့်တယ်လို့ ဟွန်ဆန်က တနင်္လာနေ့မှာ ပြောကြားထားပါတယ်။

2 mins Ago
Up