close

ဝတ်လစ်စလစ်

close

January 16, 2023

စပိန်တွင် တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများ ဝတ်လစ်စလစ်ဖြင့် ဆန္ဒပြ

စပိန်နိုင်ငံရဲ့ မြို့တော်မဒရစ်မှာ တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေဟာ သားမွှေးနဲ့ သားရေ သုံးစွဲတာကို ဆန့်ကျင်တဲ့အနေနဲ့ ဝတ်လစ်စလစ်နေရင်း သူတို့ကိုယ် သူတို့ သွေးတုတွေနဲ့ သုတ်လိမ်းပြီး ဇန်နဝါရီ ၁၅ ရက်က ဆန္ဒပြခဲ့ကြပါတယ်။

ဖက်ရှင်အတွက် သားမွှေးသုံးစွဲမှု အဆုံးသတ်ရေး တောင်းဆိုဖို့ မဒရစ်ရဲ့ ချမ်းတုန်နေတဲ့ ဆောင်းရာသီ အပူချိန်အောက်မှာ ပွာတာဒယ်ဆိုးလ်ရင်ပြင်နဲ့ မီတာ နည်းနည်းပဲ ဝေးတဲ့နေရာရှိ သားမွှေးကုတ်အင်္ကျီတွေ ရောင်းတဲ့ နာမည်ကြီး ကုန်တိုက်တန်းတခု ရှေ့မှာ တက်ကြွလှုပ်ရှားသူ တွေဟာ ဝတ်လစ်စလစ် လဲလျောင်း ဆန္ဒထုတ်ဖော်နေခဲ့ကြတာပါ။

သရုပ်ပြပွဲ တလျှောက်လုံးမှာ တက်ကြွလှုပ်ရှားသူတွေက တိတ်ဆိတ်နေခဲ့ကြပေမယ့် သူတို့ထဲက တယောက်ကတော့ ရက်စက်မှုက လှပတင့်တယ် မနေဘူးလို့ အော်ဟစ်ခဲ့ပါတယ်။

ကုတ်အင်္ကျီ တထည်အတွက် အသက်ဘယ်လောက် ပေးရလဲလို့ ရေးထားတဲ့ ဆိုင်းဘုတ်ကိုလည်း သူက ကိုင်ထား ခဲ့ပါတယ်။ ဒီဆန္ဒပြပွဲကို တိရစ္ဆာန် အခွင့်အရေး အုပ်စု  Animal Naturalis က စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ 

9 mins Ago
Up