close

ဝန်ကြီးချုပ်ဂျွန်ဆင်

close

January 13, 2022

ဗြိတိန်တွင် လော့ခ်ဒေါင်းချထားချိန် ပါတီပွဲကျင်းပမိကြောင်း ဝန်ကြီးချုပ်ဂျွန်ဆင် ဝန်ခံတောင်းပန်

ဗြိတိန်တနိုင်ငံလုံး ပထမဆုံးအကြိမ် ကိုရိုနာဗိုင်းရပ်စ်လော့ခ်ဒေါင်းချထားခဲ့တဲ့ ၂၀၂၀ မေလအတွင်း ဒေါင်းနင်းလမ်းရှိ  ဝန်ကြီးချုပ်နေအိမ်ဝင်းထဲ လျှို့ဝှက်ကျင်းပတဲ့ ပါတီပွဲကို တက်ရောက်ခဲ့တယ်လို့ ဝန်ကြီးချုပ်  ဘောရစ်ဂျွန်ဆင်က ဝန်ခံပြောဆိုခဲ့ပါတယ်။

ဇန်နဝါရီ ၁၂  ရက် ဗြိတိန်ပါလီမန်မှာ အဲဒီလို တရားဝင် ဝန်ခံပြောခဲ့ပြီးနောက် အတိုက်အခံတွေက ဝန်ကြီးချုပ်ကို ရာထူးက နုတ်ထွက်ဖို့ ပိုပြီးတောင်းဆိုလာပါတယ်။

ဂျွန်ဆင်က “လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား ကျနော်  တောင်းပန်ပါတယ်။ ပြီးခဲ့တဲ့ ၁၈ လအတွင်း နိုင်ငံတဝှမ်း သန်းပေါင်းများစွာသော ပြည်သူတွေ စိတ်သောကရောက် ကြီးကြီးမားမား ရောက်ခဲ့တာပ။ တချို့ အသက်တွေ ဆုံးရှုံး၊ တချို့ သူတို့ချစ်တဲ့ မိသားစု ဆွေမျိုးတွေကို ခွဲခွာခဲ့ရတဲ့ချိန်ပါ။ သူတို့တွေ ဒေါင်းနင်းလမ်းပါတီပွဲအတွက် ကျနော်နဲ့ ကျနော့်အစိုးရအပေါ် ဒေါသထွက်နေတယ်ဆိုတာ  သိပါတယ်။ ပြုလုပ်သူတွေကိုယ်တိုင်က ဥပဒေကို ကောင်းစွာမလိုက်နာခဲ့မှုကို တောင်းပန်ပါတယ်” လို့ ပြောပါတယ်။

မစ္စတာဂျွန်ဆင်ဟာ ဥရောပမသမဂ္ဂမှ ဗြိတိန်အပြီးတိုင်နုတ်ထွက်ဖို့ ကတိစကားနဲ့ ၂၀၁၉  ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တာပါ။ 

အဲဒီပါတီပွဲဟာ ဝန်ထမ်းတွေနဲ့ အလုပ်သဘော ဆုံစည်းမှုသာဖြစ်ပြီး နောင်တရမိကြောင်း ပြောပါတယ်။

“၂၀၂၀ မေ ၂၀ ရက် ညနေ ၆ နာရီမှာ ဝန်ထမ်းတွေ လျှို့ဝှက်ပါတီပွဲလုပ်နေတဲ့ အဲဒီပန်းခြံထဲကို ကျနော် ဝင်သွားခဲ့ပါတယ်။ ၂၅ မိနစ်လောက်အကြာမှာ ကျနော့်အလုပ်ဆီကို ပြန်ခဲ့ပါတယ်။ အားလုံးကို ပြန်ကြဖို့ ကျနော်ပြောခဲ့သင့်ပေမဲ့..မတားမိဘူး” လို့ ဂျွန်ဆင်က ပြောပါတယ်။ 

1 min Ago
Up