close

ဝန်ခြုံးရွာပြည်သူ

close

December 29, 2021

ဝန်ခြုံးရွာပြည်သူ ၅ ဦးအား စစ်တပ်ကဖမ်းဆီးပြီး စစ်ရှောင်တဲ ၅လုံးကို မီးရှို့ဖျက်ဆီး

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ဝန်ခြုံးရွာမှာ မနေ့ မွန်းတည့် ၁၂ နာရီလောက်က ပျူစောထီးအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေက အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ကို သေနတ်တွေနဲ့ထောက်ပြီး ဖမ်းဆီးသွားသလို စစ်ရှောင်တဲ ၅ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံပြည်သူတစ်ယောက်က ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ပြည်သူတွေကတော့ ဦးဘိုသိန်း၊ ကိုဌေးလွင်၊ ဒေါ်ပုတို၊ ဒေါ်ပုနဲ့ ဒေါ်တင်မိုးတို့ ၅ ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

ပျူစောထီးအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေဟာ ဒေသခံတွေ စိုက်ပျိုးထားတဲ့ စပါးခင်းတွေကိုလည်း အဓမ္မ ဝင်ရောက်ရိပ်သိမ်းယူဆောင်သွားကြတယ်လို့ ပြောပါတယ်။

ဝန်ခြုံးရွာ ဘုန်ကြီးကျောင်းထဲမှာ စစ်ကောင်စီအင်အား ၅၀ လောက်တပ်စွဲထားသလို နေရာအနှံ့ ကင်းပုန်းတွေ ချထားတာကြောင့် ဒေသခံပြည်သူ ၁၀၀၀ လောက် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ဒေသခံပြည်သူတွေရဲ့ အခြေနေကို အသေးစိတ်သိရှိနိုင်ဖို့ ပေါက်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

4 mins Ago
Up