close

ဝန်ထမ်းကြိုပို့ကား

close

November 20, 2021

ပုသိမ်တွင် အထည်ချုပ်စက်ရုံဝန်ထမ်းကြိုပို့ကားမှောက်ပြီး အမျိုးသမီး ၁ ဦး သေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ နိုဝင်ဘာ ၁၉ ရက် ညပိုင်းက အထည်ချုပ်စက်ရုံဝန်ထမ်းကြိုပို့တဲ့ ဖယ်ရီကား  တိမ်းမှောက်ခဲ့ပြီး အမျိုးသမီး ၁ ဦးသေဆုံးပြီး ဝန်ထမ်းတချို့ ဒဏ်ရာရသွားပါတယ်။ 

အမှတ် ၁၃ ရပ်ကွက်မှာရှိတဲ့ အထည်ချုပ်စက်ရုံက ဝန်ထမ်းတွေကို ပြန်လိုက်ပို့တဲ့ ဖယ်ရီကားဟာ ပုသိမ်တံတား အမှတ် ၂ အဆင်းမှာ ည ၇ နာရီလောက်က တိမ်းမှောက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ဝန်ထမ်းတွေကို ကြိုပို့လုပ်တဲ့ကားမှောက်တာ တယောက် သေသွားတယ်။ ဆေးရုံကို ကျန်တဲ့သူတွေကို ပို့ပေးခဲ့တယ်။ ထိခိုက်တာ ၄ ယောက်လောက်ရှိမယ်” လို့ ကူညီပေးခဲ့တဲ့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ ဒေါင်းလောင်းအထည်ချုပ်စက်ရုံက ဖြစ်ပြီး ကျန်တဲ့ ဝန်ထမ်းတွေကလည်း အဲ့ဒီ စက်ရုံက ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ အထည်ချုပ်စက်ရုံဝန်ထမ်းတွေ ပြန်လိုက်ပို့တဲ့ကား တိမ်းမှောက်ပြီး လူသေဆုံးတာဟာ အခုနှစ်ထဲမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

13 mins Ago
Up