close

ဝမ်းတွင်းြမို့

close

August 3, 2022

ဝမ်းတွင်းတွင် အမျိုးသား ၁ ဦး အုတ်ကန်လှယ်ရာမှ ဓာတ်လိုက်သေဆုံး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့၊ အမှတ် ၃ ရပ်ကွက်မှာ သြဂုတ် ၂ ရက် မနက် ၁၁ နာရီခွဲလောက်က အမျိုးသားတဦး ရေချိုးခန်းအမိုးပေါ်ရှိ အုတ်ကန်လှယ်ရင်း မလွတ်တဲ့သစ်ကိုင်းကို ခုတ်ရာက ဝါယာကြိုးနဲ့ထိမိပြီး ဓာတ်လိုက်သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“လူက အုတ်ကန်ထဲက ရေထဲမှာ ရောက်နေတာ၊ သစ်ကိုင်းတွေ ရှုပ်နေတာကို ဓားနဲ့ခုတ်လိုက်တော့ လမ်းဘေးဓာတ်တိုင်က လူနေအိမ်တွေဆီကို လျှပ်စစ်မီးဆွဲထားတဲ့ ဆားဗစ်ကြိုး ရမ်းခါပြီး လူကိုလာထိရာက ဓာတ်လိုက်ပြီး သေဆုံးသွားတာပါ။”

ဓာတ်လိုက်သေဆုံးသူဟာ ဝမ်းတွင်းမြို့နယ် ခင်ကြီးရွာက အသက် ၄၂ နှစ်အရွယ် ကိုမောင်ဇော် ဆိုသူဖြစ်ပြီး ဝမ်းတွင်းမြို့ပေါ်က ဆွေမျိုးတော်စပ်သူနေအိမ်မှာ အုတ်ကန်လှယ်တာ ကူညီလုပ်ကိုင်ပေးရင်း ဓာတ်လိုက်သေဆုံးခဲ့တာပါ။

ဝမ်းတွင်းမြို့မရဲစခန်းကတော့ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးဖို့ သေမှုသေခင်း အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

2 mins Ago
Up