close

ဝမ်းတွင်း

close

October 11, 2022

ဝမ်းတွင်းမြို့တွင် နယ်ထိန်း ရဲအုပ် ၁ ဦး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ မြို့မရဲစခန်းရဲ့ နယ်ထိန်းခေါင်းဆောင် ရဲအုပ် စောနိုင်ဦးကို  အောက်တိုဘာ ၉ ရက်ညက အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးရုံးအနီးမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့  ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစု (WTRF)က ထုတ်ပြန်ပါတယ်။ 

စစ်ကောင်စီရဲ့ ဒေါက်တိုက် ယာယီစခန်းမှူးတာဝန်ယူထားသူဖြစ်တဲ့  ရဲအုပ် စောနိုင်ဦး(ခ)ဗိုလ်စောကို သေနတ်နဲ့ ၆ ချက်ပစ်ပြီး သတ်ခဲ့တာလို့ ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု(Wundwin Township Revolution Force-WTRF) ကဆိုပါတယ်။

ဝမ်းတွင်းဒေသခံတဦးကလည်း “သေနတ်သံတွေ ကြားရတယ်၊ သွားတော့မကြည့်ရဲဘူး။ ပြောသံကြားတာတော့ နယ်ထိန်းခေါင်းဆောင် ပစ်သတ်ခံရတာ၊ နေရာမှာတင် သေဆုံးသွားတယ်တဲ့။”လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အဲနေရာအနီးတဝိုက်မှာ  စစ်ကောင်စီတပ်ဖွဲ့တွေက ရှာဖွေစစ်ဆေးနေတယ်လို့ သိရတယ်။ အဆိုပါပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

7 days Ago

August 14, 2022

ဝမ်းတွင်းမြို့နယ်အတွင်း စစ်ကား ၁ စီး မိုင်းခွဲခံရ

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် ဘုရားစုရွာနဲ့ ဒိုင်ကောင်းကုန်းရွာကြား ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ ဩဂုတ် ၁၃ ရက် မနက်ပိုင်းက သံချပ်ကာသင်တန်းဆင်းစစ်သားတွေ လိုက်ပါလာတဲ့ စစ်ကား ၂ စီးအနက်  ၁ စီး မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူများပြားနိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဗုံးက ကောင်းကင်က လာတာလား၊ မြေပြင်က ပေါက်ကွဲတာလား ခန့်မှန်းရခက်တယ်။ ပေါက်ကွဲသံ အကျယ်ကြီး ကြားရတယ်။ ပစ်ခတ်သံတွေလည်း ကြားနေရတယ်။ လူနာတင်ကား တွေ လုံခြုံရေးကားတွေ  ရောက်လာတာ တွေ့ရတယ်"

Wundwin Township Revolution Force (WTRF) ရဲ့ လူမှူကွန်ရက်စာမျက်နှာမှာတော့ "စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရနိုင်တယ်။ လူနာတင်ကား ၄ စီး ရောက်လာတယ်"လို့ ရေးသားထားပါတယ်။‌

ရန်ကုန်-မန္တလေးလမ်းဟောင်း မိတ္ထီလာ-ဝမ်းတွင်းကြားမှာ စစ်ကား မိုင်းခွဲခံရတာဟာ ပထမဆုံးအကြိမ် ဖြစ်ပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ သေးပါဘူး။

2 months Ago
Up