close

ဝရမ်းထုတ်ခံရ

close

August 30, 2021

ပုဒ်မ ၅၀၅ (က) ဖြင့် ဝရမ်းထုတ်ခံရသည့် အန်အယ်လ်ဒီ ပါတီဝင် ၁ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ မလွန်ကျေးရွာမှနေထိုင်တဲ့ အန်အယ်လ်ဒီ ပါတီဝင်လည်းဖြစ် စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူလည်းဖြစ်တဲ့ ကိုမောင်မောင်ဟာ သြဂုတ်လ ၂၉ ရက်နေ့က ဖမ်းဆီးခံလိုက်ရပါတယ်။ 

ကိုမောင်မောင်နဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ''မင်းလှမြို့မရဲစခန်းမှာ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတာဆိုတော့ အဲ့ဒီ ရဲစခန်းအချုပ်မှာ ပဲချုပ်နှောင်ခံထားရတယ်လို့သိရတယ်"လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူ ကိုမောင်မောင်ဟာ အလှူ၊ မင်္ဂလာဆောင်တွေမှာ ဗွီဒီယိုမှတ်တမ်းရိုက်ကူးရေးလုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

14 mins Ago
Up