close

ဝါးသုံးအိုင်ကျေးရွာ

close

October 12, 2022

မြိုင်မြို့နယ် ဝါးသုံးအိုင်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အရှေ့ပိုင်းဝါးသုံးအိုင်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းမှာ  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ဝါးသုံးအိုင်ရွာပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာ သုံးရက်ရှိပြီဖြစ်ပြီး မနေ့ မနက်ပိုင်းမှာ ပထမဆုံးမီးရှို့ခဲ့တာကြောင့် နေအိမ် ၂၂ လုံးမီးလောင် ပျက်စီးခဲ့ရတယ်လို့  ဝါးသုံးအိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

“ရွာထဲဝင်လာတော့ ထွက်ပြေးလာရတာပါ။ အခုတော့ တောထဲမှာ ရှောင်နေကြရတယ်။ ရွာသားတွေကတော့ သူတို့လာတာနဲ့ ပြေးရတော့ ရွာထဲပြန်ဝင်ရင်လည်း အထုပ်မဖြေရဲဘူး။ သူတို့ထပ်လာရင် ထပ်ထွက်ပြေးရမှာဆိုတော့ ဘယ်သူမှ အထုပ်မ​ဖြေရဲကြဘူး။”

စစ်ကောင်စီတပ်က ဝါးသုံးအိုင်ကျေးရွာအတွင်းက နေအိမ်တွေကိုရော ကျေးရွာ ဘေးပတ်ဝန်းကျင်က နေအိမ်တွေကိုပါ  မီးရှို့ဖျက်ဆီးသွားတာလို့ သိရပါတယ်။ 

ဝါးသုံးအိုင်ကျေးရွာကို မီးရှို့ပြီးနောက် စစ်ကောင်စီစစ်ကြောင်းက ရှင်မတောင် တောင်ခြေဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

7 mins Ago
Up