close

ဝိန့်လီရွှေဆိုင်

close

December 18, 2021

မန္တလေးက ဝိန့်လီရွှေဆိုင် ဓားပြတိုက်ခံရ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၈၀၊ ၂၉ လမ်းနဲ့ လမ်း၃၀ အကြားရှိ ဝိန့်လီရွှေဆိုင် ဓားပြတိုက်ခံရမှု ဒီဇင်ဘာ  ၁၈ ရက် ညနေ ၅ နာရီကျော်လောက်က  ဖြစ်ပွားခဲ့ပါတယ်။

အမည်မသိ လူ ၄ ယောက်က  ဆိုင်ကယ်၂ စီးနဲ့ရောက်လာပြီး သေနတ်ပစ်ဖောက် ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ကနဦးသိရကာ တန်ဖိုးဘယ်လောက် ပါသွားတယ်ဆိုတာတော့ မသိရသေးပါဘူး။

လက်ရှိမှာတော့ အရပ်ဝတ်ရဲတွေနဲ့ စစ်ကောင်စီတပ်သားတွေရောက်နေပြီး လမ်းပိတ်စစ်ဆေးတာတွေ လုပ်နေတယ်လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတယောက်က  ပြောပါတယ်။

ဒီဇင်ဘာ ၁၇ ရက် ညနေ ၄ နာရီဝန်းကျင်ကလည်း ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းပေါ်ရှိ မင်္ဂလာ မန္တလေးအိမ်ရာဝန်း မြေညီထပ်ရှိ ကုမ္ပဏီတခုမှာ  ဓားပြတိုက်မှုဖြစ်ပွားပြီး  ကျပ်သိန်း ၃၀၀၀ လောက်ပါသွားတယ်လို့ သိရပါတယ်။

1 min Ago
Up