close

ဝိုင်ဖိုင်အင်တာနက်ပြတ်တောက်

close

September 21, 2021

ကျောက်မဲမြို့ မိုင်တဲလ်တာဝါတိုင် ၂ ခုဖောက်ခွဲဖျက်ဆီးခံရ၊ ဝိုင်ဖိုင်အင်တာနက်များ ပြတ်တောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်မှာရှိတဲ့ တာဝါတိုင် ၂ ခု စက်တင်ဘာ ၂၀ ရက်နေ့ညက ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရပါတယ်။

မြို့ခံတစ်ဦးက “စစချင်း ပေါက်ကွဲသံကြားရတော့ ဘာပေါက်ကွဲတာလည်း မသိဘူးပေါ့။ နောက်တော့မှ သိရတာက မိုင်တဲလ်တာဝါတိုင်တွေ ဖောက်ခွဲခံရတယ်ဆိုတာ သိရတယ်” လို့ ပြောပါတယ်။

ကျောက်မဲမြို့ပေါ်မှာရှိတဲ့ လွယ်ခွမ်တောင်နဲ့ သီဟိုဠ်ဘုန်းကြီးကျောင်းအနီးမှာရှိတဲ့ တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရတာပါ။

ပေါက်ကွဲမှုကြောင့် တာဝါတိုင်က ပစ္စည်းအချို့ ပျက်စီးခဲ့တဲ့အပြင် အကြမ်းဖက်စစ်ကောင်စီပိုင် မိုင်တဲလ် ဝိုင်ဖိုင်အင်တာနက်လိုင်းတွေလည်း ပြတ်‌တောက်သွားခဲ့တယ်လို့  မြို့ခံတွေက ပြောပါတယ်။

ဒီဖောက်ခွဲမှုကို ဘက်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာကို မသိရသေး‌သလို ဒေသခံ PDF တပ်ဖွဲ့တွေကလည်း စာထုတ်ပြန်တာ မရှိသေးပါဘူး။ကျောက်မဲမြို့နယ်အတွင်းမှာ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်တွေလှုပ်ရှားနေပြီး တိုက်ပွဲတွေလည်း ဖြစ်ပွားနေပါတယ်။

3 mins Ago
Up