close

ဝိုင်းမော်စုပေါင်းဂိတ်

close

July 8, 2021

ဝိုင်းမော်စုပေါင်းဂိတ်တွင် စစ်တပ်ကပစ်ခတ်သဖြင့် ပြည်သူ ၁ ဦး သေဆုံး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဗလမင်းထင်တံတားအနီး စုပေါင်းဂိတ်မှာ ဇူလိုင် ၇ ရက်ညနေ ၅ နာရီလောက်က စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “ညနေပိုင်း ဝိုင်းမော်ဘက်မှလာတဲ့ ကားတစ်စီးကို တံတားအနီးစုပေါင်းဂိတ်မှာတားတာ အဲတာကို မရပ်ပေးဘဲ ပြန်လှည့်သွားတော့ စစ်သားတွေက လိုက်ပစ်တာ၊ ကားတော့ထွက်ပြေးလွတ်မြောက်သွားတယ်။ အနီးနားက လမ်းဘေးမှာ ဈေးရောင်းနေတဲ့ အသီးသည် အမျိုးသမီးတစ်ဦးက ကျည်ထိပြီး ဆေးရုံမှာ ဆုံးသွားတယ်” လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ဝိုင်းမော်မြို့တွင်းရှိ စစ်ကောင်စီရဲ့ နယ်မြေခံ ခလရ ၅၈ တပ်ဖွဲ့၀င်တွေက တပ်တွင်းရှေ့ မြို့တွင်းလမ်း လုံခြုံရေး တိုးချကာ ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ 

မျက်မြင်တွေ့သူတစ်ဦးက “ခါတိုင်းကမရှိဘူး ညမှာတောင်မစစ်ဘူး။ အဲ့ဒါ ဒီညနေကျမှ ထူးထူးဆန်းဆန်း တစ်ခုခုကို သတင်းရသလိုနဲ့ ထစစ်နေကြတာ။ စစ်တပ်ပတ်လည်မှာလည်း အရပ်၀တ်နဲ့ သေနတ်သမားတွေ သွားလာနေတာ‌တွေရှိတယ်” လို့ ပြောပါတယ်။

ဇူလိုင် ၆ ရက် ညကလည်း အဆိုပါ ဗလမင်းထင် တံတားအနီးမှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ က သေနတ်ပစ်ခတ် ခြောက်လှန့်မှုတွေ ပြုလုပ်ခဲ့‌သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

6 mins Ago
Up