close

ဝိုင်းမော်မြို့

close

February 17, 2023

ဝိုင်းမော်မြို့နယ်၌ ကေအိုင်အေက ဖမ်းဆီးသွားသည့် လူငယ် ၁၃ ဦး ပြန်လွတ်မြောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ဝါရှောင်အပန်းဖြေစခန်းကို လာရောက်လည်ပတ်စဉ် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က ခေါ်ဆောင်သွားတဲ့ လူငယ် ၁၃ ဦး ပြန်လည်လွတ်မြောက်လာပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ ချစ်သူများနေ့မှာ ဝါရှောင်အပန်းဖြေစခန်းကို သွားရောက်လည်ပတ်တဲ့ လူငယ်အယောက် ၂၀ ကို ကေအိုင်အေက လူသစ်စုဆောင်းဖို့ ခေါ်ဆောင်သွားပြီး ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မှာ လူငယ် ၁၃ ဦးကို ပြန်လွှတ်ပေးတာလို့  ဒေသခံတွေဆီက သိရပါတယ်။

ဝါရှောင်ကျေးရွာ ဒေသခံတစ်ဦးက "ချစ်သူများနေ့မှာ ဝါရှောင်အပန်းဖြေစခန်းကို လာလည်ရင်း ကေအိုင်အေက လူသစ်စုဆောင်းချိန်နဲ့တွေ့ပြီး ခေါ်ဆောင်သွားတာပါ။ အားလုံးပေါင်း လူငယ် အမျိုးသား အမျိုးသမီး အယောက် ၂၀ လောက်ရှိတယ်။ လူငယ်တွေ ပါသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဝါရှောင်ဆရာတော် ဘုန်းဘုန်းက ကေအိုင်အေနဲ့ ချိတ်ဆက်ကူညီပေးလို့ လူငယ် အမျိုးသား အမျိုးသမီး ၁၃ ဦး ပြန်လည်လွတ်မြောက်လာပါပြီ "လို့ ပြောပါတယ်။

ဝါရှောင်အပန်းဖြေစခန်းသွားရာလမ်းနဲ့ ဝါရှောင်အပန်းဖြေစခန်းက စားသောက်ဆိုင်မှာ ကေအိုင်အေက ခေါ်ဆောင်သွားတဲ့ လူငယ်တွေထဲမှာ ရှမ်းလူငယ်နဲ့ ကချင်လူငယ်တွေ ပါဝင်ပြီး ရှမ်းလူငယ် ၁၃ ဦး ပြန်လွတ်လာတာဖြစ်ပြီး ကျန်တဲ့ ဖမ်းဆီးခံရသူတွေရဲ့ အခြေအနေကတော့ မသိရသေးပါဘူး။

မြစ်ကြီးနားမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်ရှိ မြစ်ဆုံအပန်းဖြေစခန်း။ အောင်မြင်သာအပန်းဖြေစခန်း ကချင်ချောင်းသာအပန်းဖြေစခန်း၊ ဝါရှောင်အပန်းဖြေစခန်း စတဲ့နေရာတွေမှာ မိသားစုအပန်းဖြေခရီးထွက်ခြင်း ရုံးပိတ်ရက် ကျောင်းပိတ်ရက်တွေမှာ လူငယ်တွေအစုအဖွဲ့လိုက် သွားရောက်လည်ပတ်လေ့ရှိတာပါ။

စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုတွေရှိလာတာနဲ့ နိုင်ငံရေး တည်ငြိမ်မှုမရှိတာကြောင့်  အပန်းဖြေစခန်းတွေကို သွားရောက်လည်ပတ်သူတွေ အလွန်နည်းပါးသွားပါတယ်။

12 mins Ago

December 2, 2022

ဝိုင်းမော်မြို့နယ်၌ နေအိမ်မီးလောင်ပြီး အဘွားအို ၁ ဦးနှင့် ကလေးငယ် ၆ ဦး မီးလောင်သေဆုံး

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ဒီဇင်ဘာ ၁ ရက် ညပိုင်းက နေအိမ်တအိမ် မီးလောင်ပြီး အဘွားအို တယောက်နဲ့ ကလေးငယ် ၆ ယောက် မီးလောင်သေဆုံးသွားပါတယ်။

နောင်ချိန်းကျေးရွာအုပ်စု အင်ဂန်းကျေးရွာမှာ ဖယောင်းတိုင်မီးကတဆင့် မီးလောင်ကျွမ်းပြီး အသက် ၂ နှစ်နဲ့ အသက် ၁၁ နှစ်အရွယ် အပါအဝင် မောင်နှမ ၆ ယောက်နဲ့ အဘွားအို တယောက်၊ စုစုပေါင်း ၇ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “ည ၁၀ နာရီကျော်လောက်က လောင်တာ။ အိမ်အောက်ထပ်မှာ ဖယောင်းတိုင်မီးကနေ စလောင်တာ။ အားလုံးပေါင်း ကလေး ခြောက်ယောက်နဲ့ အဘွားအို တယောက် မီးလောင်တဲ့အထဲ ပါသွားတယ်။ အိမ်အောက်ထပ်မှာ ဖယောင်းတိုင်ကတဆင့် မီးလောင်နေတာကို တွေ့ပြီး သူ့အမေက ရေဆင်းခပ်တာ။ ရေဆင်းခပ်ပြီး ပြန်လာတော့ မီးညွန့်တွေ တွေ့ပြီး သတိလစ်သွားတယ်။ အဲဒီချိန် ကလေးတွေက မီးလောင်နေပြီ။ ကလေးတွေ အဘွားက ကလေးတွေ ဝင်ဆွဲရင်း မီးထဲ ပါသွားတယ်။ အသက်အငယ်ဆုံးက ၂ နှစ်၊ အသက်ကြီးဆုံးက ၁၁ နှစ် မောင်နှမတွေချည်းပဲ။” 

မီးလောင်တဲ့ နေအိမ်က သေဆုံးခဲ့တဲ့ ကလေးငယ်တွေရဲ့ ဖခင်ဟာ လယ်ယာလုပ်ငန်း လုပ်ကိုင်သူ ဖြစ်လို့ လယ်တဲသွားနေချိန်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာပါ။

photo - cj

3 months Ago
Up