မနေ့က ဘိုင်ယန်မြူးနစ်က ဝုဖ်ဘတ်ကို ၄ ဂိုး ပြတ်နဲ့ အနိုင်ရတဲ့ပွဲဟာ သောမတ်စ်မူလာအတွက် ဘွန်ဒတ်စ်လီဂါမှာ ကစားတဲ့ ပွဲပေါင်း ၄၀၀ ပြည့်မြောက်တဲ့ပွဲဖြစ်သလို ဘိုင်ယန်အတွက် ၁ ဂိုး သွင်းပေးခဲ့ပါတယ်။
ဘိုင်ယန်အသင်းအတွက် အဖွင့်ဂိုးကို မူလာက ၇ မိနစ်မှာ သွင်းပေးခဲ့ပြီး ၅၇ မိနစ်၊ ၅၉ မိနစ် နဲ့ ၈၇ မိနစ်တို့မှာလည်း ဒါယော့၊ လီရေး၊ လီဝမ်ဒေါ့စကီးတို့က ၁ ဂိုးစီ သွင်းပေးခဲ့ပါတယ်။
အနိုင်ရတဲ့ လက်ရှိ ချန်ပီယံ ဘိုင်ယန်ဟာ ၄၃ မှတ်နဲ့ ဘွန်ဒတ်စ်လီဂါ အမှတ်ပေးဇယားမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။
ဘိုင်ယန်နောက်မှာ ဒုတိယလိုက်တဲ့ ဒေါ့မွန်က ၃၄ မှတ်ပဲ ရရှိထားတာ ဖြစ်လို့ ၉ မှတ် ကွာခြားနေပါတယ်။
အခုဆိုရင် ဘိုင်ယန်မြူးနစ်ဟာ ၁၀ နှစ်ဆက်တိုက် ချန်ပီယံဖြစ်ဖို့ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။
ဘွန်ဒတ်စ်လီဂါ ပွဲစဉ်တွေကို သုံးပတ်နားဖို့ရှိပြီး ဇန်နဝါရီ ၇ ရက်နေ့မှ ပြန်လည်စတင်မှာ ဖြစ်ပါတယ်။