close

ဝူဟန်

close

February 25, 2023

ဝူဟန်မြို့တွင် မောင်းသူမဲ့ တက္ကစီများ ပြေးဆွဲ

တရုတ်နိုင်ငံစုံနည်းပညာကုမ္ပဏီကြီးဘိုင်ဒူးဟာ နိုင်ငံအလယ်ပိုင်းရှိ ဝူဟန်မြို့မှာ မောင်းသူမဲ့ စက်ရုပ်တက္ကစီ ကားအစီးရေ ၁၀၀ ကျော်အထိ တိုးမြှင့်ပြေးဆွဲလိုက်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်က ပြောကြားပါတယ်။ 

ဘိုင်ဒူးကုမ္ပဏီဟာ သူ့ရဲ့ မောင်းသူမဲ့တက္ကစီ ဝန်ဆောင်မှု အက်ပ်ပိုလိုဂိုးကို ဝူဟန်နဲ့ ချုံချင်း မြို့တွေမှာ ပြေးဆွဲနိုင်ဖို့ ပြီးခဲ့တဲ့နှစ်က ခွင့်ပြုချက်ရရှိခဲ့တာပါ။

ဒီခွင့်ပြုချက်ဟာ လူသားယာဉ်မောင်း လုံးဝ မပါဝင်ဘဲ စီပွားဖြစ် စက်ရုပ်တက္ကစီတွေကို အများပြည်သူအတွက် ပြေးဆွဲခွင့် ပေးထားပါတယ်။ 

တရုတ်နိုင်ငံအတွက် ပထမဆုံး ဝန်ဆောင်မှု ဖြစ်တဲ့ အက်ပ်ပိုလိုဂိုးဟာ အခုခါ စတုရန်းကီလို မီတာ ၅၃၀ ဧရိယာထဲမှာ ပြေးဆွဲနေပြီဖြစ်ကြောင်း ဘိုင်ဒူးကုမ္ပဏီရဲ့ အသိဉာဏ်ယာဉ်မောင်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရန်ဟန်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာ ဒီဝန်ဆောင်မှုဟာ တရုတ်နိုင်ငံတဝန်း ခရီးစဉ် ၂ သန်းကျော်ကို ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းလည်း သူက ဆိုပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းက ဘိုင်ဒူးကုမ္ပဏီဟာ ကားထဲမှာ ယာဉ်မောင်း ဒါမှမဟုတ် ဘေးကင်းရေးအော်ပရေတာ မပါဝင်ဘဲ တရုတ်နိုင်ငံ မြို့တော်ပေကျင်းမှာ ကားတွေကို စမ်းသပ် မောင်းနှင်နိုင်ခွင့် ပထမဆုံးလိုင်စင်ကို ပေကျင်းအစိုးရဆီကနေ ရရှိထားပြီးကြောင်း ပြောခဲ့ပါတယ်။ 

ပေကျင်းအခြေစိုက် အင်တာနက်ဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေနဲ့ ဉာဏ်ရည်တုဆိုင်ရာတွေကို အထူးလုပ်ဆောင်နေတဲ့ ဘိုင်ဒူးကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း မောင်းသူမဲ့ နည်းပညာအပေါ် အာရုံစိုက်ပြီး မတူညီတဲ့ လုပ်ငန်းခွဲထူတောင်ဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

11 hours Ago

January 29, 2021

ဝူဟန်ရောက် WHO စုံစမ်းစစ်ဆေးရေးအဖွဲ့ စတင်ကွင်းဆင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ တရုတ်နိုင်ငံ ဝူဟန်ကို ရောက်လာပြီး သီတင်းပတ် ၂ပတ်ကြာ ရောဂါခြေချုပ်နဲ့ ဟိုတယ်ထဲမှာ နေနေရာက ဇန်နဝါရီ ၂၈ ရက် မှာတော့ စတင် ကွင်းဆင်း စစ်ဆေးဖို့ ထွက်ခွာလာကြပါပြီ။

 ဝူဟန်မြို့မှာ ၂၀၁၉ နှောင်းပိုင်းက ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ် ပေါ်ထွက်ခဲ့တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြပါတယ်။

 ဟိုတယ်အပြင်မှာ စောင့်နေတဲ့ သတင်းထောက်တွေကို အဝါရောင် အရံအတားတွေနဲ့ ဝင်ပေါက်ကနေ ခွာအောင် တားထားပါတယ်။

 ရောဂါခြေချုပ်ကာလအတွင်း ရုပ်သံညီလာခံကတဆင့် အလုပ်လုပ် နေကြတဲ့ စစ်ဆေးရေး အဖွဲ့ကို WHO ပညာရှင် ပီတာ ဘန် အမ်ဘာရတ်ခ်က ဦးဆောင်ပါတယ်။

 သူဟာ မျိုးစိတ် တခုကနေ တခုကို ကူးစက်တတ်တဲ့ တိရစ္ဆာန်တွေမှာ ဖြစ်တတ်တဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီးလေ့လာနေတဲ့   ပါရဂူ တယောက်ပါ။

 သူကတော့ တရုတ်နိုင်ငံထဲမှာ နောက်ထပ် သီတင်းပတ် ၂ ပတ် ဆက်နေဖို့ မျှော်လင့်ထားပါတယ်။ ဒီအဖွဲ့ရဲ့ ဝူဟန်မြို့ထဲမှာ စုံစမ်းစစ်ဆေးမှု အသေးစိတ် အချက်အလက်တွေ ကို လူသိထင်ရှား မထုတ်ပြန်သေးပါဘူး။

2 years Ago
Up