close

ဝေဖန်ခံနေရ

close

February 3, 2023

စစ်ကောင်စီအဖွဲ့ဝင်အဖြစ် “ဝ”အမျိုးသားပါတီဥက္ကဋ္ဌ ပါဝင်သည့်အပေါ် ဝေဖန်ခံနေရ

ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ထဲမှာ “ဝ”အမျိုးသားပါတီ (WNP) ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးရန်ကျော် ပါဝင်နေတာကြောင့် “ဝ”လူမျိုးကြား ဝေဖန်မှုတွေ မြင့်တက်‌နေပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနဲ့ အဖွဲ့ဝင် ၁၆ ဦးတို့နဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ် ဦးရန်ကျော်ရဲ့ နာမည်စာရင်း ပါဝင်လာတာနဲ့ ပတ်သက်ပြီး “ဝ”ပါတီအဖွဲ့ဝင်တွေအနေနဲ့ အတည်ပြုနိုင်ဖို့ ထုတ်ပြန်စာ ထွက်လာတဲ့ ဖေဖော်ဝါရီ ၁ ရက်ကစပြီး ဖေဖော်ဝါရီ ၂ ရက် မနက်ပိုင်းအထိ ပါတီဝင်ချင်း ဆက်သွယ်မေးမြန်းခဲ့ရကြောင်း ပါတီအဖွဲ့ဝင်တွေက ပြောပါတယ်။

“ဝ”အမျိုးသားပါတီ (WNP) ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက “ဥက္ကဋ္ဌကိုယ်တိုင် သူဖြစ်ကြောင်း ဖုန်းဆက်အတည်ပြုပြီ။ မြေပြင်မှာ တွေ့‌ဆုံဆွေနွေးမှုတွေ လုပ်သွားဖို့ရှိတယ်။ ဘယ်နေ့လုပ်မလဲ ဆိုတာကိုတေ့ာ မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။

ပါတီအဖွဲ့ဝင်တဦးက “ထုတ်ပြန်စာကို တွေ့တွေ့ချင်းမှာ မဖြစ်ပါစေနဲ့‌ပေါ့။ ပါတီတာဝန်ရှိသူတွေကို ချိတ်ဆက်မေးကြည့်တေ့ာ ဟုတ်တယ်လို့ပြောမှ သေချာပြီပေါ့။ ဒါနဲ့ပတ်သက်ပြီး ပါတီတွင်း စိတ်ဝမ်းကွဲတာမျိုး မဖြစ်စေချင်ဘူး” လို့ ပြောပါတယ်။

“အမျိုးသားရေးကိုမကြည့်ဘဲ ထိုင်ခုံနေရာရဖို့၊ နေရာပျောက်မှာကို စိုးရိမ်နေတဲ့သူတွေကြောင့် ကိုယ့်လူမျိုးအတွက် အများကြီး နစ်နာဆုံးရှုံးရတယ်။ ဒါနဲ့ပတ်သက်ပြီး WNP အနေနဲ့ စာထုတ်ပြန်သင့်တယ်။ ဦးရန်ကျော်က “ဝ”ပါတီကနေ ထွက်ပြီးမှ စစ်ကောင်စီအဖွဲ့ဝင် လုပ်သင့်တာ။ အခုက ‌”ဝ”ပါတီထဲက မထွက်ဘဲ ပါတီကို ခုတုံးလုပ်ပြီး ဝင်သွားတာဆိုတေ့ာ လုံးဝမဖြစ်သင့်ဘူး” လို့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

ဇန်နဝါရီ ၄ ရက်က နေပြည်တော်မှာ စစ်ကောင်စီပြုလုပ်တဲ့ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဦးရန်ကျော် တက်ရောက်ခဲ့ပြီး အဲဒီလိုတက်ရောက်တာနဲ့ ပတ်သက်ပြီး ပါတီဝင်‌တွေကို အသိပေးတာမျိုး မရှိခဲ့ဘဲ ဥက္ကဋ္ဌတဦးတည်းရဲ့ ဆန္ဒနဲ့သာ တက်ရောက်ခဲ့တယ်လို့ ပါတီအဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဦးရန်ကျော်ဟာ “ဝ”အမျိုးသားပါတီ (WNP) ရဲ့ လက်ရှိဥက္ကဋ္ဌတဦးဖြစ်ပြီး ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိတဲ့ ပါတီတွေကို ဖျက်သိမ်းမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် “ဝ”အမျိုးသားပါတီကို ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်စေလိုတဲ့သူလည်း ဖြစ်ပါတယ်။

34 seconds Ago

June 26, 2020

ဘင်လာဒင်အား အမေရိကန်ညှဉ်းဆဲသတ်ဖြတ်ခဲ့ကြောင်း ပြောခဲ့သည့် ပါကစ္စတန်ဝန်ကြီးချုပ် ဝေဖန်ခံနေရ

အယ်ကိုင်းဒါးခေါင်းဆောင် အိုစမာဘင်လာဒင်ဟာ အမေရိကန် တပ်ဖွဲ့ဝင်တွေရဲ့  ညှဉ်းဆဲသတ်ဖြတ်တာ ခံရတယ်ဆိုတဲ့ မှတ်ချက်စကားကြောင့် ပါကစ္စတန် ဝန်ကြီးချုပ်  အီမရမ်ခန်းဟာ ဇွန်လ ၂၅ ရက်က ဝေဖန်ခံနေရပါတယ်။  ဝန်ကြီးချုပ်ခန်းက “အမေရိကန် တပ်ဖွဲ့တွေ အဘော့တာဘတ်မြို့ထဲ ဝင်ပြီး  ဘင်လာဒင်ကို ညှဉ်းဆဲ သတ်ဖြတ်ချိန်မှာ ကျနော်တို့ ပါကစ္စတန် နိုင်ငံသားတွေ ဘယ်လောက် အရှက်ရလဲဆိုတာ ကျနော် မမေ့ပါဘူး” လို့ မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။ ဝန်ကြီးချုပ်ခန်းရဲ့ မှတ်ချက်စကားကို  ကန့်ကွက်သူတွေထဲမှာ အတိုက်အခံခေါင်းဆောင် ခါဝါဂျာ အဇစ်လည်း အပါအဝင် ဖြစ်ပါတယ်။ သူက ဘင်လာဒင်ကို အစွန်းရောက် အကြမ်းဖက်သမားဆိုပြီး ပြောဆိုခဲ့ပါတယ်။   ဘင်ဘာဒင်ဟာ ပါကစ္စတန်ကို ဖျက်ဆီးခဲ့ပြီး ခန်းက  ဘင်လာဒင်ကို အာဇာနည်လို့ ခေါ်ဆိုနေတယ်လို့ အဇစ်က ပြောခဲ့ပါတယ်။ ပါကစ္စတန် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဘီလာဝါ ဘူဒိုဇာဒါရီကလည်း ဝန်ကြီးချုပ်ခန်းဟာ   အကြမ်းဖက် အစွန်းရောက်ဝါဒကို ချွေးသိပ်ပြောဆိုနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ 
3 years Ago
Up