ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါလေမြိုင်မြို့နယ်ခွဲရှိ ဝေါလေမြိုင်ရဲစခန်းကို ဇွန် ၁၃ ရက် ဒီမနက်အစောပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပါတယ်။
အဆိုပါ ရဲစခန်းတွင်းက အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ၃ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး ၆၀-မမလက်နက်ကြီးတစ်လက်နဲ့ လက်ငယ် ၃ လက်ကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။
မြန်မာ-ထိုင်းနယ်စပ် ဝေါ်လေမြိုင်၊ ကနဲလေး၊ ဆူကလီး၊ ဆုံဆည်းမြိုင်နဲ့ တခြားစစ်ကောင်စီ သတင်းပေး စစ်ကောင်စီလက်အောက်ခံစခန်းတွေကို ဆက်လက်သိမ်းပိုက်ဖို့ ဆောင်ရွက်သွားမယ်လို့ KNLA တာဝန်ရှိသူတစ်ဦးကပြောပါတယ်။