close

ဝေးလ်နည်းပြ

close

June 22, 2022

ဝေးလ်နည်းပြရာထူးမှ ရွိုင်ယန်ဂစ် တရားဝင်နုတ်ထွက်

အတူနေချစ်သူကို ကိုယ်ထိလက်ရောက် ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုရင်ဆိုင်နေရတဲ့ နည်းပြ ရွိုင်ယန်ဂစ်ဟာ ဝေးလ်အသင်းနည်းပြရာထူးကနေ တရားဝင်နုတ်ထွက်သွားပါတယ်။

မန်ယူ ဂန္ထဝင်ကစားသမား ရွိုင်ယန်ဂစ်ဟာ တရားရုံးရဲ့ စွပ်စွဲချက်ကို ငြင်းဆန်ထားပါတယ်။ အမှုမပြီးပြတ်သေးတာကြောင့် ဝေးလ်အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေမှာ သက်ရောက်မှုရှိမှာကို စိုးရိမ်ပြီး ရာထူးကနေ အပြီးသတ်နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အမှုဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပေမဲ့ အပြစ်မရှိဘူးဆိုတာကို ယုံကြည်ကြောင်း၊ နည်းပြတာဝန်တွေ ဆက်ယူနိုင်ဖို့အတွက် အမှုအမြန်ဆုံးပြီးပြတ်ဖို့ ဆန္ဒရှိခဲ့ပေမဲ့ ကြန့်ကြာနေခဲ့တာဖြစ်ကြောင်း ဂစ်က သူ့ရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဝေးလ်အသင်းဟာလည်း ကမ္ဘာ့ဖလားအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်ရတော့မှာဖြစ်လို့ သူ့ရဲ့အမှုကိစ္စက အကျိုးသက်ရောက်မှု ဖြစ်စေမှာကို စိုးရိမ်တာကြောင့် အသင်းနဲ့လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း၊ ဝေးလ်နည်းပြရာထူး ခန့်အပ်ခံရတာကို အမြဲတမ်း ဂုဏ်ယူနေမှာဖြစ်ကြောင်း ဂစ်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဝေးလ်အသင်းဟာ နည်းပြချုပ်ဂစ် မရှိပေမဲ့လည်း ယာယီနည်းပြ ရောဘတ်ပေ့ချ်ရဲ့ ဦးဆောင်မှုနဲ့အတူ ယူကရိန်းကို အနိုင်ယူပြီး ကမ္ဘာ့ဖလားခြေစစ် ပွဲအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

2 mins Ago
Up