close

ဝေးလ်သမိုင်း

close

January 10, 2023

ဂါရတ်ဘေးလ်ဟာ ဝေးလ်သမိုင်းတလျှောက် အခမ်းနားဆုံးကစားသမားဟု သတ်မှတ်ခံရ

ကစားသမားဘဝကနေ အနားယူသွားတဲ့ ဂါရတ်ဘေးလ်ဟာ ဝေးလ်ဘောလုံးအသင်းသမိုင်းမှာ အခမ်းနားဆုံးနဲ့ အကြီးကျယ်ဆုံးကစားသမားလို့ ဘောလုံးကျွမ်းကျင်သူတွေက သတ်မှတ်ကြပါတယ်။

အသက် ၃၃ နှစ်အရွယ် တောင်ပံတိုက်စစ်မှူးဟာ အမေရိကန်မေဂျာလိဂ်ကလပ် လော့စ်အိန် ဂျယ်လိစ်မှာ နောက်ဆုံးကစားခဲ့ပြီး အနားယူဖို့ဆုံးဖြတ်ခဲ့တာပါ။

ဝေးလ်ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သူ  ဂျွန်ဟတ်ဆန်နဲ့ကတော့ ဘေးလ်ဟာ ဝေးလ်အသင်းသမိုင်းရဲ့ အကြီးကျယ်ဆုံးကစားသမားဖြစ်ပြီး၊ မှော်ဝင်အခိုက်အတန့်တွေ၊ အံ့အားသင့်ဖွယ်ရာသွင်းဂိုးတွေနဲ့ ပြိုင်စံရှားလောက်တဲ့ပါရမီတွေကို ကြည့်ရှုခဲ့ရကြောင်း ချီးကျူးခဲ့ပါတယ်။ 

အလားတူအသင်းဖော်ဟောင်း နေးလ်တေလာကလည်း တွဲဖက်ကစားခဲ့ဖူးသမျှ အခမ်းနားဆုံးကစားသမားဖြစ်သလို ပြည်ပထွက်ကစားခဲ့သူတွေထဲမှာ အခမ်းနားဆုံးသော ဝေးလ်နဲ့ ဗြိတိန်ကစားသမားတစ်ဦးဖြစ်ကြောင်း ချီးကျူးပါတယ်။ 

အင်္ဂလန် တိုက်စစ်မှူးဟောင်းအလန်ရှီးယားကတော့ ထူးချွန်တဲ့ဘောလုံးသမားဘဝရရှိခဲ့တဲ့အတွက် ဂုဏ်ယူပြီး အကောင်းဆုံးအနားယူနိုင်ပါစေကြောင်း ဆုတောင်ပေးခဲ့ပါတယ်။

ဂါရတ်ဘေးလ်ဟာ ဝေးလ် အသင်းရဲ့ ပွဲအများဆုံးနဲ့ ဂိုးအများဆုံး ကစားသမားအဖြစ်စံချိန်တင်ထားသူပါ။ 

သူဟာ ဆောက်သမ်တန်အသင်းမှာ ကစားသမားဘဝစတင်ခဲ့ပြီး စပါး၊ ရီးရဲလ်မက်ဒရစ်နဲ့ လော့အိန်ဂျလိစ်ကလပ်အသင်းတွေမှာ ကစားခဲ့ပါတယ်။ 

10 mins Ago
Up