close

ဝေးလ်အသင်းခေါင်းဆောင်

close

November 26, 2022

နောက်တဆင့်တက်ဖို့ ခက်ခဲသွားပြီလို့ ဝေးလ်အသင်းခေါင်းဆောင် ဘေးလ်ဝန်ခံ

ဝေးလ်အသင်းအနေနဲ့ နောက်တဆင့်ကိုတက်ရောက်နိုင်ဖို့ခက်ခဲသွားပြီလို့ အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်က ပြောပါတယ်။

ဝေးလ်အသင်းဟာ မနေ့က ကစားသွားခဲ့တဲ့ အီရန်နဲ့ အုပ်စု ဒုတိယပွဲစဉ်မှာ နာကျင် အချိန်ပို သွင်းဂိုးတွေကြောင့် ၂ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တာပါ။

အုပ်စုအဖွင့်ပွဲစဉ်မှာလည်း အမေရိကန်နဲ့ တစ်ဂိုးစီသရေသာကစားနိုင်ခဲ့တာကြောင့် နောက်ဆုံးပွဲစဉ်မှာ အင်္ဂလန်အသင်းကို အနိုင်ယူနိုင်မှ မျှော်လင့်ချက်အနည်းငယ်ရှိမှာပါ။

ဒါပေမဲ့ တခြားအသင်းတွေရဲ့ ရလဒ်ကို စောင့်ကြည့်သွားရမှာဖြစ်လို့ နောက်တဆင့်တက်ဖို့က ခက်ခဲသွားပြီဖြစ်ကြောင်း ဘေးလ်ကပြော ပါတယ်။

အီရန်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဂိုးသမား ဟမ်နက်ဆေး အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာက ပွဲကို အပြောင်းအလဲဖြစ်စေခဲ့တယ်လို့လည်း ပွဲအပြီးမှာ ဂါရတ်ဘေးလ်က ပြောသွားပါတယ်။ 

25 mins Ago
Up