close

‘ဝ’ ဒေသ ပန်ခမ်းမြို့

close

April 6, 2022

‘ဝ’ဒေသ ပန်ခမ်းမြို့ ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြင်းထန်နေ၊ ဆေးဝန်ထမ်းများ လိုအပ်နေ

‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ခမ်းမြို့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု အခြေအနေ ပြင်းထန်နေပြီး လူနာတွေကို ကုသပေးဖို့ ဆေးဘက်ဆိုင်ရာဝန်ထမ်း လုံလောက်မှုမရှိလို့ စေတနာ့ဝန်ထမ်းတွေကို  ‘ဝ’ပြည်နယ်ကျန်းမာရေးဌာနက  အရေးပေါ် ခေါ်ယူနေပါတယ်။

အသွင်ပြောင်း ကိုဗစ်-၁၉ ရောဂါဟာ အလွန်ပြင်းထန်ပြီး ပန်ခမ်းမြို့ရဲ့ လုပ်ငန်းအသီးသီး၊ နေရာတိုင်း၊ ကျေးရွာတွေကိုပါ ကူးစက်ခံနေရကြောင်းနဲ့  ကူးစက်ခံရတဲ့ အတည်ပြုလူနာမှာလည်း နေ့စဥ်တိုးမြင့်နေပြီး  မတ်လ ၂၆ ရက်မှ ဒီနေ့ ဧပြီ ၅ ရက် အထိ  ပန်ခမ်းမြို့အတွင်း ရောဂါ ကူးစက်ခံရသူ ၁၅၀၀ ကျော်ရှိနေပြီလို့  "ဝ"ပြည်နယ် ကျန်းမာရေးဌာန ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိ ပန်ခမ်းမြို့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ လုံလောက်မှုမရှိလို့ လူနာတွေကို ကုသဖို့ အခက်အခဲကြုံတွေ့နေရကာ  ကြာရှည် ကာကွယ်ကုသရေး လုပ်ငန်းဆောင်ရွက်နေရတာကြောင့် လက်ရှိ ဆေးဝန်ထမ်းတွေလည်း  အလွန်ပင်ပန်းနွမ်းနယ်နေကြတယ်လို့ ဆိုပါတယ်။

ပန်ခမ်းမြို့ရှိ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့  ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းတွေမှာ ပါဝင်ကူညီလိုတဲ့ စေတနာ့ဝန်ထမ်းတွေကို ဖိတ်ခေါ်လိုက်ပြီး  ပါဝင်ကူညီလိုတဲ့ စေတနာ့ဝန်ထမ်းတွေ ကျန်းမာရေးဌာနကို စာရင်းပေးသွင်းနိုင်တယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။

‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့ဖြစ်ပွားနေမှုကို ထိထိရောက်ရောက် တားဆီးကာကွယ်ဖို့ ပန်ခမ်းမြို့ကို မတ်လ ၂၅ ရက်မှ ဧပြီ ၈ ရက်အထိ သီတင်း ၂ ပတ်ကြာ Lockdown ချထားသလို တမြို့လုံးမှာ အာခေါင်တို့ဖတ် စစ်ဆေးနေပါတယ်။ 

Photo- WSTV

5 mins Ago

November 10, 2021

‘ဝ’ ဒေသ ပန်ခမ်းတမြို့လုံးကို Lockdown ချကာ အာခေါင်တို့ဖတ် စစ်ဆေးမည်

‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ခမ်းမြို့မှာ  ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုကြောင့်  မနက်ဖန် နိုဝင်ဘာ ၁၁ ရက် ည ၁၂ နာရီကစပြီး တမြို့လုံးကို Lockdown ချကာ အာခေါင်တို့ ဖတ်စစ်ဆေးဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပန်ခမ်းမြို့ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့က ဒီကနေ့ ကြေညာပါတယ်။ 

မိဘပြည်သူတွေအနေနဲ့  ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့နဲ့ နိုဝင်ဘာ  ၁၆ ရက်နေ့မှာ  lockdownပြန်ဖျက်သိမ်းပေးမှာဖြစ်ပြီး   မိဘပြည်သူများအနေနဲ့ စည်းကမ်းလိုက်နာကြဖို့လည်း အသိပေးကြေညာထားပါတယ်။

ပန်ခမ်းမြို့မှာ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ခုလို  lockdown ချပြီး အာခေါင်တို့ဖတ်စစ်ဆေးတာဟာ တတိယအကြိမ်ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ်လကလည်း ပန်ခမ်းမြို့မှာ  ဒုတိယအကြိမ် တမြို့လုံးအာခေါင်တို့ဖတ်စစ်ဆေးမှု မှုဖြင့် လူပေါင်း ၅၂,၉၂၂ ဦး ကိုစစ်ဆေးခဲ့ရာမှာ အားလုံး negative အဖြေထွက်တဲ့ အတွက် သြဂုတ်လ ၂၁ရက် ညမှာ lockdownပြန်ဖျက်သိမ်းပေးခဲ့ပြီး  ပုံမုန်သွားခွင့်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုတွေ ဆက်ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် ရှမ်းပြည်နယ်ဟာ ကူးစက်မှုနှုန်း အမြင့်မားဆုံးဖြစ်ပါတယ်။ 

Photo- Credit- Wa StateTV

5 months Ago
Up