နည်းပြ အာတီတာဆီကနေ သင်ယူလေ့လာခဲ့ရတာက ပိုပြီးများကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။
အာဆင်နယ်နည်းပြအာတီတာဟာ မန်စီးတီးနည်းပြ ဂွါဒီယိုလာလက် အောက်မှာ လက်ထောက်နည်းပြအနေနဲ့ သုံးနှစ်ကြာတာဝန်ယူခဲ့သူပါ။
ဒါပေမဲ့နည်းပြအာတီတာက သူ့ဆီကနေ သင်ယူခဲ့တာတွေထက် သူကနေ ပြန်လည် သင်ယူ လေ့လာခဲ့ရတာတွေကပိုပြီးများကြောင်း ဂွါဒီယိုလာက ပြောခဲ့တာပါ။
အာဆင်နယ်နည်းပြအာတီတာရဲ့ ဘောလုံးအတွေးအခေါ်တွေဟာ နည်းပြဂွါဒီယိုလာရဲ့ လွှမ်းမိုမှုတွေပါဝင်နေတယ်ဆိုတဲ့ မှတ်ချက်တွေအပေါ် နည်းပြဂွါဒီယိုလာက ပြန်လည်ဖြေရှင်းခဲ့တာပါ။
“သူ(အာတီတာ)က မွေးကတည်းကနေ သင်ယူလာခဲ့သူပါ။ ကျနော်ဆီကနေ သင်ယူလာမှုတွေ ပြုလုပ်ခဲ့တာနဲ့ယှဉ်ရင် ကျနော်ကပြန်ပြီး လေ့လာသင်ယူခဲ့တာကပိုပြီးများပါတယ်”လို့ နည်းပြဂွါဒီယိုလာက ပြောပါတယ်။
အခုနှစ်ရာသီမှာ အာဆင်နယ်အသင်းက မန်စီးတီးထက်ပိုပြီး ခြေစွမ်းကောင်းမွန်လာခဲ့ ကြောင်းလည်း ဂွါဒီယိုလာက ချီးကျူးသွားခဲ့ပါတယ်။