close

သင်္ကြန် ညဈေးတန်း

close

April 11, 2022

သပိတ်မှောက်ခံထားရသည့် မြန်မာပလာဇာတွင် သင်္ကြန် ညဈေးတန်းဖွင့်

ပြည်သူတွေရဲ့ သပိတ်မှောက်ခံထားရတဲ့ ရန်ကုန်မြို့ရှိ  မြန်မာပလာဇာမှာ သင်္ကြန်ပျော်ပွဲရွှင်ပွဲအတွက်  ညဈေးတန်းဖွင့်ထားပါတယ်။

အဲဒီညဈေးတန်းကို မြန်မာပလာဇာအပြင်ဘက် ရေပန်းဧရိယာအနားမှာ ဧပြီ ၁ ရက်မှ ၁၇ ရက်ထိ နေ့စဉ် ညနေ ၄ နာရီခွဲမှ ည ၈ နာရီအထိ ဖွင့်လှစ်ထားမှာဖြစ်တယ်လို့  မြန်မာပလာဇာက  ကြေညာထားပါတယ်။

ဆန္ဒပြတဲ့လူငယ်တွေကို ပလာဇာလုံခြုံရေးက အကြမ်းဖက်ဖမ်းဆီးခဲ့တာနဲ့ပတ်သက်လို့    မြန်မာပလာဇာကို  ပြည်သူအများစုက မသွားဘဲ သပိတ်မှောက်ထားတာ  ၄ လကျော် ရှိနေပြီဖြစ်ပါတယ်။

အများပြည်သူ ရုံးပိတ်ရက်တွေမှာတော့  မြန်မာပလာဇာကို ပြန်လည်သွားရောက်နေတဲ့သူ အနည်းငယ် ရှိလာတာကတွေ့ရပါတယ်။

မြန်မာပလာဇာဟာ သပိတ်မှောက်ခံရတဲ့နေ့တွေကစပြီးတော့ ပရိုမိုးရှင်းအမျိုးမျိုး၊ ပျော်ပွဲရွှင်ပွဲ အမျိုးမျိုးတွေနဲ့ ဈေးဝယ်သူတွေ ပြန်လည်စည်ကားအောင် ဆွဲဆောင်နေရပြီးတော့ ယခုအခါမှာ လည်း သင်္ကြန်ကို အကြောင်းပြုပြီး ညဈေးတန်းကို ဖွင့်လှစ်နေတာလည်း ဖြစ်ပါတယ်။

3 hours Ago
Up