close

သင်္ချိုင်းဂူ

close

August 31, 2022

သက်တမ်း အနှစ် ၃,၀၀၀ ရှိ သင်္ချိုင်းဂူတခု ပီရူးနိုင်ငံတွင် တွေ့ရှိ

ပီရူးနဲ့ ဂျပန် ရှေးဟောင်းသုတေသန ပညာရှင်တွေဟာ သက်တမ်း အနှစ် ၃,၀၀၀ ရှိပြီဖြစ်တဲ့ သင်္ချိုင်းဂူတခုကို ပီရူးနိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီသင်္ချိုင်းဂူဟာ အရေးကြီးတဲ့ ခရစ်ယာန် ဘာသာရေး ဆရာတယောက်ရဲ့ သင်္ချိုင်းဖြစ်တယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောပါတယ်။

ပါကိုပမ်ပါ ရှေးဟောင်းသုတေသနနယ်မြေမှာ တွေ့ရှိတာဖြစ်ပြီး ခရစ်ယာန်ဘုန်းကြီးရဲ့  ရုပ်ကြွင်းတွေရယ်၊ ဆန်းဆန်းပြားပြား ပစ္စည်းတွေရယ်၊ ဂီတတူရိယာတွေရယ်ကို တနေရာတည်းမှာ တွေ့ရှိရတာပါ။

တချို့ကို ပင်လယ်ခရုခွံ၊ ကျောက်တုံးတွေနဲ့ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။  ဂူထဲမှာ တွေ့ရတဲ့ စတွမ်းဘက်စ် ခရုခွံဟာ အီကွေဒေါရေပြင်မှာသာ တွေ့နိုင်တဲ့ ခရုတမျိုးဆီကဖြစ်ပြီး ဒီလို အသုံးအဆောင်မျိုးဟာ အရေးကြီးတဲ့ ဘာသာရေးရာထူးရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့သာ အပ်စပ်တယ်လို့ ရှေးဟောင်းသုတေသနပညာရှင် ယူဂျီ စီကူက ပြောပါတယ်။

ဒီတွေ့ရှိမှုဟာ ပါကိုပမ်ပါ ရှေးဟောင်းသုတေသနနယ်မြေမှာ အရေးကြီးတဲ့ တွေ့ရှိမှု ဖြစ်လာပြီး အခုအချိန်အထိ ခရစ်တော်မပေါ်ခင် ဘီစီ ၇၀၀ ကနေ ၆၀၀ လောက်က သင်္ချိုင်းဂူနှစ်ခုကို ရှာဖွေတွေ့ရှိထားပါတယ်။

1 min Ago
Up