close

သင်္ဘောကျဥ်းရဲစခန်း

close

July 29, 2021

ပုသိမ်တံတားအဆင်း သင်္ဘောကျဥ်းရဲစခန်းတွင် ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇူလိုင် ၂၉ ရက် မနက်အစောပိုင်းက တံတားသစ်အဆင်းက သင်္ဘောကျဥ်းရဲစခန်းမှာ  ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

သင်္ဘောကျဥ်းရဲစခန်းအဝမှာ မနက် ၅ နာရီ မိနစ်၂၀ လောက်က မိုင်းထောင် ဖောက်ခွဲခဲလို့ ပေါက်ကွဲခဲ့တာလို့ ပုသိမ် PDF တပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

"သတင်းထွက်နေသလို လမ်းကပစ်သွားတာ မဟုတ်ပါဘူး။ အဲ့ရဲစခန်းအပေါက်ဝမှာ ထောင်ပြီး ဖုန်းခေါ်ပြီး ခွဲရတာပါ။ ထိခိုက်တာ ရှိ မရှိတော့ သေချာမသိရသေးဘူး။”

ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအတွင်းမှာ တံတားမှာတပ်စွဲထားတဲ့  စစ်ကောင်စီ လက်နက်ကိုင် တပ်သားတွေရောက်လာပြီး စစ်ဆေးခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး လူထိခိုက်သေဆုံးမှုရှိ မရှိဆိုတာကိုတော့ အတည်အကျမသိရသေးပါဘူး။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ၈ ကြိမ်လောက်ရှိပြီလို့ ဒေသခံတွေကပြောပါတယ်။

1 min Ago
Up