close

သစ်စက်

close

March 14, 2023

မန္တလေးတွင် သစ်စက် မီးလောင်

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ထဲမှာ မတ် ၁၄ ရက် မနက်ပိုင်းက သစ်စက်တခု မီးလောင်ခဲ့ပြီး Level 1 အဆင့်ကနေ Level 2 အဆင့်ထိ တိုးမြှင့်ငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်က ထုတ်ပြန်ပါတယ်။

ငွေတော်ကျီကုန်းရပ်ကွက်၊ ၆၂လမ်းနဲ့ ၆၈ လမ်းကြား ၊၁၂၅(မင်္ဂလာကန်လမ်း)က  A5 သစ် အချောထည်စက်ရုံမှာ မတ် ၁၄ ရက် ၁၂ နာရီ ၄ မိနစ်ခန့်မှစတင်ပြီး မီးလောင်ခဲ့တဲ့အတွက် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့က သွားရောက်ငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

မီသတ်တပ်ဖွဲ့ဝင် တဦးက "မနေ့ညက လောင်တာ။ မန္တလေးမီးသတ်ဗဟိုက သွားငြှိမ်းခဲ့ပါတယ်။ ပထမတော့ Level 1 အဆင့်ပါပဲ ပြီးတော့ ၁၂ နာရီ ၂၂ မှာ Level 2 အဆင့် စထွက်ခဲ့ရတယ်။ ၁၂ နာရီ ၃၃ မှာ မီးထိန်းနိုင်ခဲ့ပြီး၁ နာရီ ၅၅ မှာ မီးငြိမ်းသွားပါတယ်။ ပျက်စီးဆုံးရှုံးမှုကို သက်ဆိုင်ရာ ဌာနက စစ်ဆေးနေတယ် ကျနော်တို့တော့မသိရသေးပါဘူး"လို့ ဆိုပါတယ်။

မီးလောင်မှုမှာ လူနဲ့တိရစ္ဆာန်  ထိခိုက်မှု မရှိဘဲ ဘယ်က စလောင်တယ်ဆိုတာကို စစ်ဆေးနေပြီး ပျက်စီးဆုံးရှုံးမှုနဲ့ပတ်သက်ပြီး စစ်ဆေးနေတယ်လို့သိရပါတယ်။

ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလထဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာ မီးလောင်မှုနဲ့ပတ်သက်ပြီး လျှပ်စစ်ရှောခ့်ကြောင့် လောင်ကျွမ်းမှု ၁၀၅ ကြိမ်၊ မီးပေါ့ဆမှုကြောင့် လောင်ကျွမ်းမှု ၁၀၃ ကြိမ်၊ မီးကျွမ်းမီးကျန်မှတဆင့်လောင်ကျွမ်းမှု ၆၄ အထိရှိခဲ့ပြီး ဇန်နဝါရီ ၂၇ ရက်ကလည်း ပြည်ကြီးတံခွန်မြို့နယ်ထဲမှာ Level 3 အဆင့် လောင်ကျွမ်းမှုရှိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-မီးသတ်တပ်ဖွဲ့

23 seconds Ago

March 16, 2020

ဝါးခယ်မ သစ်စက်များတွင် ငွေတောင်းသည့် မှုခင်းသတင်းထောက်ကို နယ်လုံဝန်ကြီးထံ တိုင်ကြား

ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရှိ ကျေးရွာတွေမှာ လုပ်ကိုင်နေတဲ့ သစ်စက်တွေနဲ့ နေအိမ်တွေမှာ သစ်ခွဲတဲ့ ကျေးရွာသားတွေကို ငွေးတောင်းခံခဲ့တဲ့ မှုခင်း သတင်းထောက်တဦးကို ဒေသခံတွေက တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးထံ တိုင်ကြားထားတယ်လို့ သိရပါတယ်။ မှုခင်းသတင်းထောက် ဦးကျော်ဦးဟာ အဖော်တဦးနဲ့အတူ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဝါးခယ်မမြို့နယ် မြဂိုးကြီးကျေးရွာကိုရောက်လာပြီး သစ်လုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ ၁ လကို ၁ သိန်း ၅ သောင်းကျပ်ပေးရမယ်လို့ ဒေသခံသစ်လုပ်ငန်း လုပ်ကိုင်သူတွေထံ တောင်းခဲ့တာကြောင့် ခုလို အသနားခံစာရေးပြီး တိုင်ကြားရတာလို့ ငွေတောင်းခံခဲ့ရသူ ကိုမျိုးထက်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ရွာကို နေပြည်တော်တိုင်းမ်သတင်းထောက် ဦးကျော်ဦး ရောက်လာပြီးတော့ ၁ အိမ် ကို ငွေ ၁ သိန်းခွဲတောင်းတယ်၊ သူတို့က မူးယစ်ဆေးဝါးတွေလည်း ဖမ်းတယ်၊ သစ်စက်တွေလည်း ဖမ်းတယ်ပြောတယ်၊ ပြီးတော့ သူတို့တောင်းတာမပေးရင် ဖမ်းမယ်လို့ ခြိမ်းခြောက်တာပါ။” အဆိုပါ သတင်းထောက် ငွေလာတောင်းချိန်မှာ ရွာသူရွာသားတွေက အိမ်ပြင်ဆောက်ဖို့ သစ်ခွဲထားတာဖြစ်ကြောင်း ပြောဆိုရှင်းပြခဲ့ပေမယ့် လူကိုယ်တိုင်လာရောက်တောင်းဆိုတာနဲ့ ဖုန်းဆက် တောင်းတာတွေ ပြုလုပ်လာတာကြောင့် ရွာသူရွာသားအများစု ဒုက္ခရောက်လာလို့ ခုလို တိုင်ကြားတာလို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတွေ တိုင်ကြားတာနဲ့ပတ်သက်ပြီး နေပြည်တော်တိုင်းမ် မှုခင်းနဲ့သတင်းစုံဂျာနယ်သတင်းထောက် ဦးကျော်ဦးက “ကျနော်တို့ အနေနဲ့ကတော့ အဲ့ရွာကို သွားခဲ့တာမှန်ပါတယ်။ ဒါပေ့မယ် အဲ့ရွာက သစ်စက်တွေကို သွားတဲ့အချိန်မှာ တာဝန်ရှိတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ သွားရောက်တွေ့ပြီး ညှိနှိုင်းတာတွေ ပြုလုပ်ဖို့နဲ့ အဲ့လိုမလုပ်ရင် ဒီသစ်လုပ်ငန်းတွေက အဖမ်းခံရနိုင်တယ်လို့ သတိပေးပြောဆို ခဲ့တာပါ” လို့ ပြောပါတယ်။ ဝါးခယ်မမြို့နယ်မှာရှိတဲ့ ရွာသူရွာသားတွေကတော့ မှုခင်းသတင်းထောက် ဦးကျော်ဦးက သစ်လုပ်ငန်း လုပ်ကိုင်သူတွေကို လူကိုယ်တိုင်တမျိုး ဖုန်းနဲ့တမျိုး ဆက်သွယ်ပြီး ငွေတောင်းခံတာတွေကို အသံဖမ်းထားတာရှိပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်ထံ တင်ပြစာမှာ ထည့်သွင်းတိုင်ကြားထားတယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ဖောင်ပြင်မြို့နယ် သရက်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးထံ ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၉ ရက်နေ့က နေပြည်တော်တိုင်းမ် မှုခင်းသတင်း ထောက် ၄ ဦးက ခြိမ်းခြောက်ငွေတောင်းခံမှုကြောင့် ဖောင်ပြင်မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈၄/၁၄၄ စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ဖမ်းဆီးအရေးယူတာမျိုး ပြုလုပ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
3 years Ago
Up