close

သစ်တောသယံဇာတ

close

May 20, 2021

သစ်တောသယံဇာတများ လေလံတင်ရောင်းချ ဝင်ငွေရှာရန် အကြမ်းဖက်စစ်ကောင်စီက စီစဉ်နေ

အန်အယ်လ်ဒီအစိုးရလက်ထက်က ဖမ်းဆီးရမိထားတဲ့ တရားမဝင်သစ်တွေနဲ့ တခြား ပစ္စည်းတွေကို  ဌာနဆိုင်ရာတွေကလေလံတင်ရောင်းချပြီး အကြမ်းဖက်စစ်ကောင်စီထံ ရန်ပုံငွေ ပေးသွင်းဖို့ စီစဉ်နေတယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ NUGက ထုတ်ပြန်ထားပါတယ်။

အခုလို ပြည်သူပိုင်ပစ္စည်းတွေကို အလွဲသုံးစားပြုလုပ်ကာ အကြမ်းဖက်စစ်ကောင်စီအတွက် ရန်ပုံငွေရှာနေတာကို လုံးဝလက်ခံမှာမဟုတ်ကြောင်းနဲ့ လေလံတင်ရောင်းချတာ ဆက်လက်ဆောင်ရွက်ပါက ပါဝင်ပတ်သက်တဲ့ ဝန်ထမ်းတွေကို ပြည်သူပိုင်ပစ္စည်းဖျောက်ဖျက်မှု၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်မှုနဲ့ အမည်ပျက်စာရင်းသွင်းမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာ ပါတယ်။

နိုင်ငံရဲ့ အခြေအနေအရ အမျိုးမျိုးသော ခြိမ်းခြောက်မှုတွေကြောင့် သစ်တောသစ်ပင်တွေ နေရာအနှံ့ပျက်စီးလျော့ပါးနေရာ  တရားမဝင်သစ်ခိုးထုတ်မှုကလည်း ကြီးမားတဲ့ ဖိအားတစ်ခုဖြစ်နေတယ်လို့ဆိုပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက် တရားမဝင်သစ်ခိုးထုတ်ယူမှုတွေကို ဖမ်းဆီးအရေးယူခဲ့ရာ သစ်တန်ပေါင်း  ၂ သိန်းလောက်  ဖမ်းဆီးရမိထားကြောင်း ထုတ်ပြန်ထားပါတယ်။

ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းတွေအရ ဖမ်းဆီးရမိတဲ့ တရားမဝင်သစ်တွေ၊ သစ်ပင်နဲ့ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေကို လေလံတင်ရောင်းချပြီး ပြည်သူ့ဘဏ္ဍာအဖြစ် နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းရတာဖြစ်ပါတယ်။

ဖမ်းဆီးရမိထားတဲ့ တရားမဝင်သစ်တွေကို လုံခြုံစိတ်ချရာနေရာမှာ ထိန်းသိမ်းထားဖို့နဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို  အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့သာ လုပ်ဆောင်သွားမယ်လို့အသိပေး ကြေညာထားပါတယ်။

8 mins Ago
Up