close

သစ်ထုတ်ယူမှု

close

August 25, 2021

သစ်​ထုတ်ယူသူများကို စစ်​ဆေး​မေးမြန်းခြင်းမပြုဘဲ ပစ်သတ်နှိမ်နင်း​မည်ဟု ယင်းမာပင် PDF ပြော

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့ အ​လောင်း​တော်ကဿပ သစ်​တောကြိုးဝိုင်းအတွင်း သစ်ထုတ်ယူသုံးစွဲသူ မည်သူမဆို ​တွေ့ရှိပါက စစ်​ဆေး​မေးမြန်းခြင်းမလုပ်​တော့ဘဲ ပစ်သတ်နှိမ်နင်း​တော့မယ်လို့ ​ယင်းမာပင်ခရိုင် ​ဒေသခံ PDF အဖွဲ့က ​ပြောပါတယ်။ 

အခုလို အ​ရေးယူမှုကို သြဂုတ် ၂၄ ရက်​နေ့က ​ဒေသခံ PDF ​အဖွဲ့​တွေရဲ့ အစည်း​အ​ဝေး​က  ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပြီး သစ်​တောပြုန်းတီးမှုဒဏ် ကာကွယ်တဲ့အ​နေနဲ့ ထိ​ရောက်မယ့်​ ဆောင်ရွက်ချက်မျိုး လုပ်​ဆောင်ရတာလို့ ဆိုပါတယ်။  

​သစ်ထုတ်ယူမှု မပြုလုပ်ကြဖို့ ကြေညာချက်တစ်ရပ် ယခင်က ထုတ်ပြန်ခဲ့​​ပေမယ့် ဆက်လက်ပြီး သစ်ထုတ်ယူတာ​တွေ ရှိ​နေတာ​ကြောင့် အခုလို လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ သိရပါတယ်။

ဒေသခံ PDF အဖွဲ့ဝင်တစ်​​ယောက်က “သစ်ခိုးထုတ်တဲ့အ​ရေအတွက်က​ နေ့တိုင်းလိုရှိ​နေပြီး တစ်ရက်ကို ဆိုင်ကယ် အစီး​ရေ ၅၀ အထက်ရှိတယ်။ အဲဒီတုန်းက​တော့ ဖမ်းမိတဲ့သစ်ကို PDF အဖွဲ့က သိမ်းယူထားလိုက်တာပဲရှိပြီး ဖမ်းမိတဲ့လူ​နဲ့ တင်ဆောင်တဲ့ယာဥ်ကို​တော့ ပြန်လွှတ်​ပေးလိုက်တာဆို​တော့ သစ်ခိုးတဲ့သူ​တွေက သိပ်မ​လေးစားကြဘူး​။ အဲဒါ​ကြောင့် အခုအခါကျရင် ဖမ်းမိတဲ့ လူဖြစ်​စေ၊ တိရစ္ဆာန်ဖြစ်​စေ ပစ်သတ်နှိမ်နင်းတဲ့အထိ ​ဆောင်ရွက်ဖို့ PDF အဖွဲ့က ဆုံးဖြတ်ချက်ချလိုက်တာ”လို့ ​ ​ပြောပါတယ်။

အ​လောင်း​တော်ကဿပ သစ်​တောကြိုးဝိုင်းဟာ ဧက ၄ သိန်းဝန်းကျင်ခန့်ရှိကာ ခိုးယူထုတ်တဲ့ သစ်အမျိုးစားဟာ အများစုက ပိ​တောက်သား​တွေဖြစ်ပြီး ​စောင့်ကြပ်တဲ့ သစ်​တောဝန်ထမ်း​​တွေလည်း မရှိ​တော့တာ​ကြောင့် ​ဒေသခံ PDF အဖွဲ့​တွေက သစ်​တောပြုန်းတီးမှုနည်း​အောင် ကာကွယ်​နေတာလို့လည်း ဆိုပါတယ်။

8 mins Ago
Up