ပဲခူး ရေတာရှည်မြို့နယ်၊ မန္တလေး- ရန်ကုန် အမြန်လမ်း၊ မိုင်တိုင် ၁၆၇/ ၇ ဖာလုံအနီးမှာ မတ် ၂၄ ရက် မနက် ၁၀ နာရီ ၅၀ က အိမ်စီးကားတစီး အရှိန်လွန်ပြီး သစ်ပင်ဝင်တိုက်တာကြောင့် ယာဉ်ပေါ်ပါ ၅ ယောက်အနက် ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။
အဖြူရောင် ဆူဇူကီး Ciaz ယာဉ်ဟာ အဲဒီနေ့ မနက်ပိုင်းက ရန်ကုန်နေ နေပြည်တော်ကို ထွက်ခွာလာတာဖြစ်ပြီး အမြန်လမ်းမှာ ရှေ့ကားကို ကျော်တက်ရာမှ ကားအောက်ပိုင်း ညာဘက်ခြမ်းရှိ တိုက်ရော့ ပြုတ်ထွက်သွားတာကြောင့် အရှိန်မထိန်းနိုင်ဘဲ ကားတပတ်လည်ကာ လမ်းဘေးက ယူကလစ်ပင်ကို ဝင်တိုက်မိခဲ့တာပါ။
မြို့ခံလူမှုကူညီရေးအသင်းဝင်တဦးက“သတင်းရတော့ ၁၀ နာရီ ၅၄ ပါ။ လူ ၄ ဦး ဒဏ်ရာရ၊ တဦး ကျောရိုးထိ စိုးရိမ်ရပါ။ အားလုံး အသက်တွေက ၃၀ ကျော်ပဲ ရှိနေသေးတယ်။ သစ်ပင် ဝင်တိုက်ထားလို့ ကားရှေ့ခြမ်းလည်း ကြေနေပြီ။ အားလုံးကို နေပြည်တော်ဆေးရုံ ပို့ဆောင်ထားပါတယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုမှာ အသက် ၃၀ အရွယ် အမျိုးသား တယေက် ကျောရိုးထိခိုက်မှု ဒဏ်ရာရ(စိုးရိမ်)၊ ကျား ၁ ယောက်နဲ့ မ ၂ ယောက် ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ယာဉ်မောင်းအမျိုး သားဖြစ်သူကို သာဂရနယ်မြေအမြန်လမ်းရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
မတ်အတွင်း ၂၄ ရက်အထိ မန္တလေး - ရန်ကုန် အမြန်လမ်းမပေါ်မှာ ယာဉ်တိုက်မှု ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂ ယောက်၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၆ ယောက် ရှိနေပြီလို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ မှတ်တမ်းအရ သိရပါတယ်။
ထိုင်းနိုင်ငံအနောက်ပိုင်း၊ ပရကျူတ်ခီရီခန်ခရိုင်၊ ပရကျူတ်မြို့နယ်၊ ကော်လတ်အုပ်စုထဲမှာ နိုဝင်ဘာ ၁၄ ရက် ညနေ ၃ နာရီခွဲလောက်က တရားမဝင်မြန်မာအလုပ်သမားတွေ တင်လာတဲ့ ကားတစ်စီး စစ်ဆေးရေးဂိတ်ကို တိမ်းရှောင်မောင်းပြေးရာက သစ်ပင်နဲ့ တိုက်မိခဲ့ပါတယ်။
တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာမှာ အီဇူးစူးကားတစ်စီး ကားခေါင်းပျက်စီးပြီး ကားထဲမှာ ရွှေ့ပြောင်းလုပ်သားအယောက် အမျိုးသား ၁၀ ယောက်၊ အမျိုးသမီး ၉ ယောက်နဲ့ အသက် ၂ နှစ်အရွဘ် ကလေးငယ် တစ်ဦးတို့ ပါဝင်ကြောင်း၊ ထိခိုက်ဒဏ်ရာရသူမရှိဘဲ ယာဉ်မောင်း ၁ ဦးနဲ့ အဖော် ၁ ဦးကတော့ မှော်ရိပ်ခိုကာ တောထဲထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
သူတို့အားလုံးဟာ စမွတ်စခွန်းခရိုင်မှာ အလုပ်သွားလုပ်ဖို့ ပွဲစားနဲ့ ဝင်လာတာလို့ ဆိုပါတယ်။
ထိုင်းတာဝန်ရှိသူတွေက သူတို့အားလုံးကို အပူချိန်တိုင်းပြီး ၁၄ ရက် ကွာရန်တင်းဝင်စေပြီးမှ လဝက ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ ဆိုပါတယ်။ ကိုးကား - https://www.thaireportchannel.com/